ချမ်းသာသော တရုတ်နိုင်ငံသားများ စင်ကာပူတွင် အခွန်တိုးမြှင့်လိုက်သော်လည်း တန်ဖိုးကြီးအိမ်များဝယ်ယူ

ချမ်းသာသော တရုတ်နိုင်ငံသားများ စင်ကာပူတွင် အခွန်တိုးမြှင့်လိုက်သော်လည်း တန်ဖိုးကြီးအိမ်များဝယ်ယူ

စင်ကာပူက အခွန်တိုးမြှင့်လိုက်သော်လည်း ကပ်ရောဂါအလွန်တွင်ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ခိုင်မာသော ငွေကြေး၏အကျိုးကျေးဇူးများကိုခံစားနေရပြီး၂၀၂၂ခုနှစ်တွင်ဈေးကြီးသောပုဂ္ဂလိကအိမ်ခြံမြေများကိုချမ်းသာ သော တရုတ်နိုင်ငံသားများက ဝယ်ယူကြရာ ပြည်ပမှ အများဆုံး ဝယ်ယူသူများစာရင်းတွင် ပါဝင်လာသည်။

၂၀၂၂ခုနှစ်ဇန်နဝါရီလမှသြဂုတ်လအထိစင်ကာပူဒေါ်လာ၅သန်း (ဒေါ်လာ၃ဒသမ၅၂သန်း) ကျော်ပေးရသည့် တန်ဖိုးကြီး အိမ်ခြံမြေ ၄၂၅ခု၏ ၅ပုံ ၁ပုံကိုတရုတ်မှဝယ်ယူခဲ့ကြပြီး ဒုတိယနှင့် တတိယအများဆုံးမှာ အမေရိကန်မှ ၃၄ခုနှင့်အ င်ဒိုနီးရှားမှ ၂၈ ခုတို့ဖြစ်သည်။

အရှေ့တောင်အာရှတွင်ရှိသော စင်ကာပူ၏တည်ငြိမ်သော နိုင်ငံရေး၊ခိုင်မာသော ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ထားရှိရန်ဘေးကင်းလုံခြုံသောနေရာတစ်ခုအဖြစ်နာမည်ဂုဏ်သတင်းကျော်ကြားမှုကြောင့်စင်ကာပူသည်အလွန် ချမ်းသာသူများအတွက် အားထားရာနေရာဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

အခြားလူကြိုက်များသော ဈေးကွက်များတွင်အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်နေချိန်တွင်စင်္ကာပူ အိမ်ခြံမြေ ဈေးနှုန်းများသည် တဖြည်းဖြည်းသာ မြင့်တက်နေသည်။

တရုတ်တွင်ရောင်းအားကျဆင်းနေပြီး အိမ်ရာ လုပ်ငန်းရှင်များသည် အကြွေးဆပ်ရန် ပျက်ကွက်ခြင်းအပါအဝင် အိမ်ခြံမြေဈေးကွက်အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး မကြာခဏကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဝယ်ယူသူများ၏ ယုံကြည်မှုမှာလည်းကျဆင်းလျက်ရှိသည်။

၂၀၂၂ခုနှစ် ပထမ၈လအတွင်း စင်ကာပူတွင် နိုင်ငံခြားသားများထံ ရောင်းချခဲ့သည့် ဇိမ်ခံအိမ်အရေအတွက်သည် - အမြဲတမ်းနေထိုင်ခွင့်ရှိသူများ အပါအဝင်၂၈၂လုံးရှိပြီး ၂၀၁၉ခုနှစ် ကပ်ရောဂါ မတိုင်မီ အလားတူကာလ တွင်၂၈၂လုံးနှင့် ၂၀၁၈ခုနှစ်တွင်၃၂၂လုံးကိုကျော်လွန်သွားခဲ့သည်။

မြို့ပြပြန်လည် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့နှင့် အိမ်ခြံမြေအတိုင်ပင်ခံ OrangeTee& Tie တို့မှ အချက်အလက်များအရ စင်ကာပူသည်ပြီးခဲ့သည့် ဒီဇင်ဘာလက အစိုးရကဝယ်ယူမှုများအတွက် အခွန်တိုးကောက်ခဲ့သော်လည်းနိုင်ငံခြားသားများကြားတွင်ရေပန်းစားနေဆဲဖြစ်ကြောင်းဖော်ပြနေသည်။

ကိုယ်ပိုင်အိမ်ခြံမြေဈေးကွက်အေးစေရေးအတွက် အမြဲတမ်းနေထိုင်ခွင့်မရှိသော နိုင်ငံခြားသားများအတွက် တံဆိပ်ခေါင်းခွန်ကို၂၀ရာခိုင်နှုန်းမှ၃၀ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly