ပါကစ္စတန်တွင် စီးပွားရေးအကျပ်အတည်း ကြုံနေရသော်လည်း စစ်တပ်က ဘဏ္ဍာရေး အကူအညီများကို ဆက်လက်ခံစားနေ

ပါကစ္စတန်တွင် စီးပွားရေးအကျပ်အတည်း ကြုံနေရသော်လည်း စစ်တပ်က ဘဏ္ဍာရေး အကူအညီများကို ဆက်လက်ခံစားနေ

ပါကစ္စတန်အစိုးရသည် နိုင်ငံ ဖွံ့ဖြိုးရေးနှင့် သဘာဝဘေးဒုက္ခဆိုး စီမံခန့်ခွဲမှုတို့ကို အကြောင်းပြပြီး ငွေကြေးထောက်ပံ့မှု ရရှိရန် အမြဲတစေ တောင်းခံလျက် ရှိသလို နိုင်ငံ၌ ဘဏ္ဍာရေး အကျပ်အတည်းများ ကြုံနေရသော်လည်း စစ်တပ်အနေဖြင့် ပြင်ပမှထောက်ပံ့ငွေများ၊ ကူညီငွေများနှင့် ချေးငွေများကို ဆက်လက် ခံစားလျက်ရှိသည်။

ပါကစ္စတန်၏ အခွင့်ထူးခံ စစ်တပ် ရရှိနေသော ခံစားခွင့်များကို ကနေဒါ အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့ (think-tank) တစ်ခုဖြစ်သည့် အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ဖိုရမ် (IFFRAS) က အလေးပေး ထုတ်ဖော်ခဲ့သည်။

ပါကစ္စတန်တွင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အသုံးစရိတ်၏ ၅၈ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးနှင့် ကြွေးမြီပေးဆပ်မှုအပိုင်းအတွက် အသုံးပြုရန် သတ်မှတ်ထားကြောင်း အဆိုပါ think-tank အဖွဲ့က ပြောကြားရာ ယင်းသည် ယခင်နှစ်ကထက် ၂၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ပါကစ္စတန်တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အသုံးစရိတ်အတွက် ဘဏ္ဍာငွေများကို လျှော့ချဖြတ်တောက်ထားသလို ရေနံထွက် ပစ္စည်းများနှင့် လျှပ်စစ်ကဲ့သို့ အရာများအတွက် ထောက်ပံ့ကြေးများ ထုတ်ပေးမှုကို ရုပ်သိမ်းထား သော်လည်း စစ်မှုကာကွယ်ရေးပိုင်းကမူ လက်ရှိ ဘဏ္ဍာနှစ်တွင် ရူပီး ၁၁၆ သန်းပမာဏအထိ ရှိသည့် အကြွေး လျှော်ပစ်မှုများ၊ ခွင့်ပြုငွေများ၊ ထောက်ပံ့ငွေများကို ဆက်လက် ခံစားရရှိနေသည်။

ပါကစ္စတန်စစ်တပ်သည် ၎င်းတို့၏ အများပြည်သူကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် စီးပွားရေး သက်သာချောင်ချိရေးဆိုင်ရာ နည်းလမ်းများမှ ထပ်တိုးဝင်ငွေရင်းမြစ်များကိုလည်း ရရှိနေသည်။ ယင်းတို့သည် အစဉ်အလာအားဖြင့် အခွန်စည်းကြပ်မှုမှ ကင်းလွတ်ခွင့် ရထားသည်ဟု ကနေဒါ အခြေစိုက် think-tank အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required