အမေရိကန်၏ ပို့ကုန်ကန့်သတ်ချက်ကြောင့် ချစ်ပ်ပြားကဏ္ဍ အခက်အခဲ ပိုမိုဖြစ်ပေါ်လာကာ တရုတ်နည်းပညာကုမ္ပဏီရှယ်ယာများ ထိုးကျ

အမေရိကန်၏ ပို့ကုန်ကန့်သတ်ချက်ကြောင့် ချစ်ပ်ပြားကဏ္ဍ အခက်အခဲ ပိုမိုဖြစ်ပေါ်လာကာ တရုတ်နည်းပညာကုမ္ပဏီရှယ်ယာများ ထိုးကျ

တရုတ်၏ နည်းပညာနှင့် စစ်ရေးတိုးတက်မှုများကို နှေးကွေးစေရန် ရည်ရွယ်သော  အမေရိကန်၏ ပို့ကုန် ထိန်းချုပ်မှု အစီအမံသစ်များကြောင့် ရင်းနှီးမြှုပ်နှံသူများ ထိတ်လန့်နေကာ တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba Group၊ Tencent နှင့် ချစ်ပ်ပြားထုတ်လုပ်သူများ၏ ရှယ်ယာများသည် အောက်တိုဘာ ၁၀ ရက်တွင် ထိုးကျသွားသည်။

ဘိုင်ဒင်အစိုးရသည် တရုတ်အား ကမ္ဘာ့မည်သည့်နေရာတွင်မဆို အမေရိကန်စက်ကိရိယာများနှင့် ချစ်ပ်ပြားများထုတ်လုပ်ခြင်းကို ကန့်သတ်သည့်အစီအမံအပါအဝင် ပို့ကုန်ထိန်းချုပ်မှုသတ်မှတ်ချက်များကို အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

စီမံချက်အများအပြားအနက် တချို့သည် ချက်ချင်း သက်ရောက်မှုရှိပြီး၁၉၉၀ ပြည့်နှစ်များနောက်ပိုင်း တရုတ်သို့နည်းပညာဖြန့်ဖြူးသော အမေရိကန်မူဝါဒများတွင် အကြီးမားဆုံး အပြောင်းအလဲတစ်ခုဖြစ်နိုင်သည်။
 
စည်းမျဉ်းအသစ်များသည် ချစ်ပ်ပြားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများ၊  စစ်လက်နက်များ၊ ဉာဏ်ရည်တု၊ အချက်အလက်စင်တာများနှင့် ပတ်သက်သော နိုင်ငံ့သုတေသနနှင့် စူပါကွန်ပျူတာနှင့်နည်းပညာမြင့်ချစ်ပ်ပြားဖြင့် လုပ်ဆောင်သော တခြားနယ်ပယ်များကို ကြီးကြီးမားမား သက်ရောက်ပေလိမ့်မည်။

ကမ္ဘာ့ချစ်ပ်ပြားလုပ်ငန်းသည် ကိုဗစ်-၁၉ အလွန်ကာလတွင် ကွန်ပြူတာများ၊ စမတ်ဖုန်းများနှင့် တခြားသော အီလက်ထရွန်းနစ်ပစ္စည်းများ၏ ဝယ်လိုအား ကျဆင်းမှုကို ရင်ဆိုင်နေရကာ ဝင်ငွေနည်းပါးမှုကို သတိထားနေရချိန်တွင် ကန့်သတ်ချက်အသစ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်ချစ်ပြားကုမ္ပဏီများက လက်ငင်းအကျိုးသက်ရောက်မှုကို အခံရဆုံးဖြစ်နိုင်သည်ဟု ဆိုသည်။

စည်းမျဉ်းသစ်အရ အမေရိကန်ကုမ္ပဏီများသည် ၁၆ နာနိုမီတာအောက်ရှိ လောဂျစ်ချစ်ပ်များ၊ ၁၈ နာနိုမီတာအောက်ရှိ DRAM များနှင့် ၂၈ လွှာ သို့မဟုတ် ထိုထက်ပိုသော NAND ချစ်ပ်ပြားများ စသည့် အဆင့်မြင့် ချစ်ပ်ပြားများ ထုတ်လုပ်နိုင်သော ပစ္စည်းများဖြင့် တရုတ်ကုမ္ပဏီများအား ထုတ်လုပ်ခွင့် ပိတ်ပင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required