ဘလူချီစတန် တက်ကြွလှုပ်ရှားသူများကို ပါကစ္စတန်သို့ပြန်ပို့ရန် ပင်လယ်ကွေ့နိုင်ငံများကို တရုတ်ဖိအားပေး

ဘလူချီစတန် တက်ကြွလှုပ်ရှားသူများကို ပါကစ္စတန်သို့ပြန်ပို့ရန် ပင်လယ်ကွေ့နိုင်ငံများကို တရုတ်ဖိအားပေး

တရုတ်ရင်းနှီးမြှုပ်နှံမှုကိုဆန့်ကျင်သည်ဟုယူဆသောဘလူချီစတန်တက်ကြွလှုပ်ရှားသူများကို ပါကစ္စတန်သို့ပြန်ပို့ရန် ယူအေအီးအပါအဝင် ပင်လယ်ကွေ့နိုင်ငံများကို ဖိအားပေးရန်   သံတမန်လမ်းကြောင်းကို တရုတ်က အသုံးချနေသည်။ 

၂၀၁၈ခုနှစ်က ကရာချိမြို့ရှိတရုတ်ကောင်စစ်ဝန်ရုံးကို ဘလူချီစတန်ခွဲထွက်ရေးသူပုန်များ၏ တိုက်ခိုက်မှုအပြီးတွင် ဘလူချီစတန်တက်ကြွလှုပ်ရှားသူရာစ်ရှ်စ်ဟူစိန်ကို ယူအေအီးကပါကစ္စတန်သို့ပြန်ပို့ပေးခဲ့သည်ဟုဘလူချီစတန်၏လွတ်လပ်သောလူ့အခွင့်အရေးကောင်စီမှသတင်းအချက်အလက်အတွင်းရေးမှူးအက်ဒူလာအဘားစ်အားကိုးကား၍Diplomat ကဖော်ပြခဲ့သည်။
 
ပြည်နှင်ဒဏ်မခံရမီတွင်၎င်းအကြောင်းကို၇လကြာဖုံးကွယ်ထားခဲ့ခြင်းကတရုတ်ဖိအားကြောင့် ဖြစ်နိုင်ကြောင်း အဘားစ်ကပြောကြားခဲ့သည်။
 
၂၀၂၂ခုနှစ်ဖေဖော်ဝါရီလတွင်အဗ္ဗဒူလာကဟူစိန်၏အစ်ကိုဝမ်းကွဲကိုယူအေအီးထောက်လှမ်းရေးကဖမ်းဆီးခဲ့ပြီးအလားတူအခြေအနေမျိုးအောက်တွင်ပါကစ္စတန်သို့အတင်းအကျပ်ပြန်ပို့ခဲ့သည်ဟုDiplomat ကဖော်ပြခဲ့သည်။

"တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုဆန့်ကျင်တယ်လို့ယူဆတဲ့ပါကစ္စတန်ဘလူးချ်တက်ကြွလှုပ်ရှားသူတွေကို လွှဲပြောင်း ပေးဖို့ အာရပ်စော်ဘွားများ ပြည်ထောင်စုအပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေကို ဖိအားပေးတာကိုဖော်ပြတဲ့ သက်သေအထောက်အထား အခိုင်အမာ တွေရှိပါတယ်" ဟု အဘားစ်က ပြောကြားခဲ့သည်။ 

ဘလူးချ်စစ်သွေးကြွများသည်မကြာသေးမီကပါကစ္စတန်တရားဥပဒေစိုးမိုးရေးအေဂျင်စီများနှင့်ဘလူချီစတန် ဒေသအတွင်းနှင့်အပြင်ဘက်ရှိတရုတ်တပ်စခန်းများကိုတိုက်ခိုက်မှုများနှင့်အသေခံဗုံးခွဲမှုများအရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

 အဆိုပါခွဲထွက်ရေးသမားများသည်လုံခြုံရေးအားကောင်းမှုကြောင့်အဆင့်မြင့်တရုတ်အရာရှိများအစားအားနည်း သော ပစ်မှတ်များကို ရွေးချယ်နေကြောင်းThe Diplomat ကဖော်ပြခဲ့သည်။

 ဘလူးချ်ခွဲထွက်ရေးသမားများအပြင်ယခုအခါပါကစ္စတန်တောင်ပိုင်းဆင်းပြည်နယ်တွင်Sindhudesh People's Army ဟုအမည်ပေးရှိသည့်စစ်သွေးကြွအဖွဲ့သစ်တစ်ခုပေါ်ပေါက်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required