ထိုင်ဝမ်ရေလက်ကြားတွင် နားလည်မှုယူထားသည့် သဘောတူညီချက်ကို တရုတ် ဖျက်ဆီး

ထိုင်ဝမ်ရေလက်ကြားတွင် နားလည်မှုယူထားသည့် သဘောတူညီချက်ကို တရုတ် ဖျက်ဆီး

ထိုင်ဝမ်ရေလက်ကြားတွင်စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍တရားဝင်သတ်မှတ်ထားခြင်းမဟုတ်သည့်“အလယ်မျဉ်း”ကိုဖြတ်ကျော်ကာနားလည်မှုယူထားသည့်သဘောတူညီချက်ကိုတရုတ်ကဖျက်ဆီးခဲ့ကြောင်းထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးချူကိုချန်ကအောက်တိုဘာ၅ရက်တွင်ပြောကြားလိုက်သည်။
 
အလယ်မျဉ်းတွင်နားလည်မှုယူထားသည့်သဘောတူညီချက်ကိုအဆုံးသတ်ခြင်းကြောင့်တရုတ်ကအန္တရယ်မျဉ်းကို ဖြတ်ကျော်လာပါကထိုင်ဝမ်ကလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းထိုင်ဝမ်ပါလီမန်သို့ချူကပြောကြားခဲ့သည်။
 
ထိုင်ဝမ်၏“အန္တရယ်မျဉ်း”သည်မည်သည့်အရာဖြစ်သည်ကိုမူ၎င်းကပြောကြားခြင်းမရှိသော်လည်းထိုင်ဝမ်ပိုင်နက်အတွင်းသို့ပျံသန်းလာသောဒရုန်းများအပါအဝင်တရုတ်လေယာဉ်များပါဝင်နိုင်သည်။အလယ်မျဉ်းကို " အန္တရယ်မျဉ်း " အဖြစ်မသတ်မှတ်ခဲ့ပေ။

 ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသောထိုင်ဝမ်ကိုပိုင်နက်အဖြစ်ရှုမြင်သည့် တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီ၏ထိုင်ဝမ်သို့လာရောက်လည်ပတ်မှုနှင့်ပတ်သက်ပြီး ယင်း၏ဒေါသကိုဖော်ပြရန် ထိုင်ဝမ်သို့ဒုံးကျည်များပစ်ခတ်ခြင်းအပါအဝင် အကြီးစားစစ်ရေး လေ့ကျင့်မှုများကိုသြဂုတ်လတွင်ပြုလုပ်ခဲ့သည်။
 
ထိုင်ဝမ်အနီးတွင်တရုတ်စစ်တပ်၏လှုပ်ရှားမှုများသည်အတိုင်းအတာတစ်ခုအထိလျော့ကျသွားသော်လည်းထိုအချိန်မှစ၍ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးနှစ်ဘက်အကြားတရားဝင်မဟုတ်သောအတားအဆီးအဖြစ်နှစ်ပေါင်းများစွာတည်ရှိခဲ့သည့်အလယ်မျဉ်းကိုတရုတ်စစ်လေယာဉ်များကပုံမှန်ဖြတ်ကျော်လျက်ရှိသည်။

"အလယ်မျဉ်းကလူတိုင်းအတွက်နားလည်မှုယူထားတဲ့သဘောတူညီချက်တစ်ခုဖြစ်သင့်ပါတယ်" ဟုချူက ပါလီမန်ကော်မတီအစည်းအဝေးတွင်ပြောကြားခဲ့သည်။
 "အဲဒီနားလည်မှုယူထားတဲ့သဘောတူညီချက်ပျက်သွားပါပြီ။"

ကွန်မြူနစ်တရုတ်နှင့်အမေရိကန်ကျောထောက်နောက်ခံပြုထိုင်ဝမ်တို့အကြားစစ်အေးတိုက်ပွဲအရှိန်မြင့်လာချိန်၁၉၅၄ခုနှစ်တွင်အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးချမှတ်ခဲ့သောအလယ်မျဉ်းကိုတရုတ်ကတရားဝင်အသိအမှတ်မပြုခဲ့သော်တရုတ်စစ်တပ်ကအများအားဖြင့်လေးစားလိုက်နာခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားသည်၁၈၀ကီလိုမီတာ (၁၁၀မိုင်) ကျယ်ပြီးအကျဉ်းဆုံးနေရာတွင်အလယ်မျဉ်းသည်ထိုင်ဝမ်၏ရေပြင်မှ၄၀ကီလိုမီတာ (၂၅မိုင်) ခန့်သာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly