ဂျပန် Daikin ကုမ္ပဏီက တရုတ်မှ အစိတ်အပိုင်းများ မပါဝင်ဘဲ အဲကွန်းများ ထုတ်လုပ်မည်

ဂျပန် Daikin ကုမ္ပဏီက တရုတ်မှ အစိတ်အပိုင်းများ မပါဝင်ဘဲ အဲကွန်းများ ထုတ်လုပ်မည်

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အဲကွန်းများထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ အစိတ်အပိုင်းများကိုသာ မှီခိုနေခဲ့ရသည့် Daikin ကုမ္ပဏီက တရုတ်၏ ကာလကြာမြင့်သော ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကြောင့် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရကာ လိုအပ်သည့်အစိတ်အပိုင်းများကို တရုတ်နိုင်ငံမှ မဝယ်ယူတော့ ရန် ဆုံးဖြတ် လိုက်သည်။

အဲကွန်းများ ထုတ်လုပ်ရာတွင် လိုအပ်သည့် အစိတ်အပိုင်းများ မပေးသွင်းနိုင်သည့်အတွက် တရုတ်နှင့် အဆက်အသွယ်ဖြတ်ရန် စီစဉ်လိုက်ကြောင်း Daikin Industries ၏ ထုတ်ပြန်ချက်ကို The Singapore Post သတင်းစာက ဖော်ပြခဲ့သည်။

ဂျပန်နှင့် တရုတ်တို့အကြား ဆက်ဆံရေး နှစ် ၅၀ ပြည့်ချိန်တွင်   Daikin ၏ ယခုဆုံးဖြတ်ချက်သည် တရုတ်အတွက် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ကျန်းစုပြည်နယ်၊ စူကျိုးမြို့တွင် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုချမှတ်ခဲ့စဉ်က ချစ်ပြားတင်ပို့မှုများကို ဖေဖော်ဝါရီလအတွင်း တရုတ်က တင်းကျပ်ခဲ့ရာ ရောင်းချမှုကို ထိခိုက်စေခဲ့ပြီး ကမ္ဘာပေါ်တွင် ချစ်ပြားရှားပါးမှု ဖြစ်ပေါ်ခဲ့ရကြောင်းလည်း The Singapore Post သတင်းဌာနက ဖော်ပြသည်။ 

ယခုနှစ်အတွင်း ရှန်ဟိုင်းမြို့၌ ကိုဗစ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် အသွားအလာပိတ်ဆို့မှုများက ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်မှုကို ကျဆင်းခဲ့ပြီး Daikin ၏ ထုတ်လုပ်မှုအပေါ်လည်း သက်ရောက်မှုရှိခဲ့သည်။ 

ယင်းဖြစ်ရပ်ကြောင့် ကုမ္ပဏီအနေဖြင့် အခြားဒေသများမှ ပစ္စည်းတင်သွင်းသူများကို ရှာဖွေရန် လိုအပ်လာကြောင်း သိရှိလာခဲ့သည်ဟု The Singapore Post က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly