စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်စဉ် အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃စီး ဝင်ရောက်ပျံသန်းခဲ့

စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်စဉ် အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃စီး ဝင်ရောက်ပျံသန်းခဲ့

တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစုများ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ပြုလပ်နေသည့် နေရာတွင် ဖေဖော်ဝါရီ ၂၅ရက်က အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ဝင်ရောက်ပျံသန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ 

ထိုသို့ ပျံသန်းမှုဖြစ်စဉ်ကြောင့် တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများပါရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစုများ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်မည့်ရက်ကို ထုတ်ပြန်ကြေငြာပြီးဖြစ်ကြောင်းလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly