တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများ မေလနောက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်း

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများ မေလနောက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်း

ကိုဗစ်-၁၉ ကန့်သတ်ချက်များသည် ကျဆင်းနေပြီးသားဝယ်လိုအားနှင့် မှေးမှိန်နေသော စီးပွားရေးယုံကြည်ချက်အပေါ် ထိခိုက်စေခဲ့သောကြောင့် တရုတ်၏ ဝန်ဆောင်မှုလုပ်ငန်းများသည် ၄ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ကြောင်း ပုဂ္ဂလိကကဏ္ဍ စီးပွားရေးစစ်တမ်းတစ်ရပ်က အောက်တိုဘာ ၈ ရက်တွင် ဖော်ပြသည်။

ကိုဗစ်ကန့်သတ်ချက်စီမံချက်များသည် ထုတ်လုပ်ရောင်းချမှုလုပ်ငန်းစဉ်နှင့် ဝယ်လိုအားကို အဟန့်အတားဖြစ်စေကာ နိုင်ငံအတွင်း ခရီးသွားလာမှုကိုလည်း ပိတ်ပင်ခဲ့သောကြောင့် Caixinဝန်ဆောင်မှုအညွှန်းကိန်း (PMI)သည် ဩဂုတ်လတွင်  ၅၅ မှ ၄၉ ဒသမ ၃ သို့ ကျဆင်းခဲ့သည်။

တရုတ်စီးပွားရေးသည် စက်ရုံထုတ်လုပ်မှုနှင့် လက်လီရောင်းချမှုတို့တွင် မျှော်မှန်းထားသည်ထက် လျင်မြန်စွာတိုးတက်ခဲ့ကာ ဩဂုတ်လတွင် တိုးတက်မှုလက္ခဏာများ ပြသခဲ့သော်လည်း ရှည်ကြာလှသော ကိုဗစ်ကန့်သတ်ချက်များနှင့် ပိုင်ဆိုင်မှုကျဆင်းမှု ပိုမိုဆိုးရွားလာခြင်းများဖြင့် ရပ်တန့်နေခဲ့သည်။

"လက်ရှိ ကူးစက်ရောဂါအခြေအနေက ပြင်းထန်ပြီး ရှုပ်ထွေးနေဆဲဖြစ်ပြီးတော့ စီးပွားရေးအပေါ် ကိုဗစ်စည်းမျဉ်းထိန်းချုပ်မှုရဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုက သိသာပါတယ်" ဟု Caixin Insight Group မှ အကြီးတန်းစီးပွားရေးပညာရှင် ဝမ်ကျဲက ပြောကြားခဲ့သည်။

ပြည်ပမှ အမှာစာများ ပြန်လည်ရရှိလာသော်လည်း ဝန်ဆောင်မှုကုမ္ပဏီများသည် ဝယ်လိုအားနှေးကွေးခြင်း၊ ထုတ်လုပ်မှုလျော့နည်းခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကို  ရင်ဆိုင်နေရကြောင်း Caixin စစ်တမ်းက ပြသခဲ့သည်။

မကြာမီအချိန်အတွင်း ကိုဗစ်ထိန်းချုပ်မှုစီမံချက်များ ဖြေလျော့ပေးမည့်လက္ခဏာ မရှိသောကြောင့် ဈေးကွက်မှာလည်း သေချာမှုနည်းပါးလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly