အခြေအနေဆိုးသော တရုတ်စီးပွားရေး နာလန်ထူရန် အချိန်ကြာနိုင်

အခြေအနေဆိုးသော တရုတ်စီးပွားရေး နာလန်ထူရန် အချိန်ကြာနိုင်

တရုတ်စီးပွားရေးသည် အကျပ်အတည်းဆိုက်နေပြီး နာလန်ထူရေးအတွက် အချိန်ကြာမြင့်နိုင်သည်။
 
စီးပွားရေးနာလန်ထူရန် ခဲယဉ်းသည့် အကြောင်းအများစုမှာ တရုတ်ထုတ်ကုန်များကို ဝယ်ယူသော ကမ္ဘာ့စီးပွားရေးနှေးကွေးနေသောကြောင့် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်သောအစီရင်ခံစာအရ တရုတ်သည် ၂၀၂၂ ခုနှစ်တွင် စီးပွားရေး ၂ ဒသမ ၈ ရာခိုင်နှုန်းမျှသာ တိုးတက်မည်ဟု တွက်ချက်ထားသည်။ ထို့ပြင် ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်၏ တိုးတက်မှုသည် အာရှ-ပစဖိတ်ရှိ ကျန်ဒေသများနောက်၌ နောက်ကျ ကျန်ရစ်ပေလိမ့်မည်။

စီးပွားရေးသည် လက်ရှိအကျပ်အတည်းမှ လွတ်မြောက်သည်ဖြစ်စေ မလွတ်မြောက်သည်ဖြစ်စေ တရုတ်၏ စီးပွားတိုးတက်မှုနှင့် ကုန်စည်ဝယ်လိုအားအတွက် အဓိကကျသော ဆောက်လုပ်ရေးသည် နောက်နှစ်အနည်းငယ်အတွင်း သိသိသာသာ နှေးကွေးလာလိမ့်မည်ဟု အာရှစီးပွားရေးပညာရှင်ကြီး မာ့ခ်ဝီလျံက ၂၀၂၁ ခုနှစ် စက်တင်ဘာက ပြောခဲ့သည်။

အိမ်ခြံမြေနှင့် စီးပွားရေးတိုးတက်မှုအကြား ချိတ်ဆက်မှုသည် ရိုးရှင်းလှသည်။ အိမ်ခြံမြေကဏ္ဍသည်အလုပ်သမားအင်အား၏ ၁၀ ရာခိုင်နှုန်းခန့်၊ မရွှေ့ပြောင်းနိုင်သောပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ) ၏ ၂၉ ရာခိုင်နှုန်းရှိသည်။ 

အလားတူ တရုတ်နိုင်ငံ၏ သံမဏိထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ် ပထမ ၈ လအတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသံမဏိထုတ်လုပ်သူဖြစ်သည်။ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုသည် တရုတ်နိုင်ငံကို ထိခိုက်စေသည်မှာ အထင်အရှားပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly