တရုတ်သည်ဝင်ငွေအလယ်အလတ်ထောင်ချောက်တွင်ပိတ်မိနေပြီး  နည်းပညာကုမ္ပဏီများအပေါ် မယုံကြည်မှုမှာ အဓိကအကြောင်းရင်းဖြစ်

တရုတ်သည်ဝင်ငွေအလယ်အလတ်ထောင်ချောက်တွင်ပိတ်မိနေပြီး  နည်းပညာကုမ္ပဏီများအပေါ် မယုံကြည်မှုမှာ အဓိကအကြောင်းရင်းဖြစ်

တရုတ်တွင်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ယင်း၏နည်းပညာကုမ္ပဏီများ၏နာမည်ဆိုးများက တရုတ်ကို ဝင်ငွေအလယ်အလတ်ထောင်ချောက်တွင် ပိတ်မိနေစေသည့် အပြုသဘောမဆောင်သည့် စီးပွားရေး ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေခဲ့သည်။

တရုတ်စီးပွားရေးသည် ရပ်တန့်နေပြီး ထပ်မံမတိုးတက်တော့သည့် 'ဝင်ငွေအလယ်အလတ်ထောင်ချောက်' ဟူသည့်ကြီးမားသည့်စိန်ခေါ်မှုများနှင့်သမ္မတရှီကျင့်ဖျင်အစိုးရသည်ရင်ဆိုင်နေကြောင်း ဥရောပအာရှ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။

လူဦးရေ၁ဒသမ၄ဘီလီယံရှိသော တရုတ်သည်သမိုင်းတစ်လျှောက်အလျင်မြန်ဆုံးစီးပွားရေးအောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့သော်လည်း ယင်း၏စီးပွားရေးကျဆင်းမှုသည်ယခုအခါဘဏ္ဍာရေး မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။

ယင်းအချက်များသည်တရုတ်၏အာဏာရှင်အစိုးရ၊တစ်ဖက်သတ်ဝါဒ၊စစ်ရေးချဲ့ထွင်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုနှင့်တရုတ်နည်းပညာကုမ္ပဏီများအပေါ်ယုံကြည်ကိုးစားမှုအားနည်းခြင်းအပါအဝင်အကြောင်းအချက်များစွာရှိ သည်။

ယခု 'ဝင်ငွေအလယ်အလတ်ထောင်ချောက်' ကိုရင်ဆိုင်နေရသော အဆိုပါကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်စရာနောက်ထပ်အကြောင်းရင်းမှာ တရုတ်စီးပွားရေးလုပ်ငန်းနှင့်နိုင်ငံရေးတွင်အဆုံးစွန်သောသြဇာအာဏာကြီးမားသူဖြစ်လာသည့် ရှီကျင့်ဖျင်ကြောင့်ဖြစ်သည်။

ယင်းအချက်များအားလုံးကတရုတ်နှင့်ဆက်ဆံရာတွင်စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများကိုသတိထားစေခဲ့သည်။
 
၂၀၂၁ခုနှစ်အစီရင်ခံစာအရ ကမ္ဘာ့ဘဏ်နှင့်တရုတ်သုတေသီများကတရုတ်စီးပွားရေးသည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်လျှောက်လှမ်းရန် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများလိုအပ်ကြောင်းမှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့်အဓိကမူဝါဒအကြံပြုချက်မှာ“နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ၏အခန်းကဏ္ဍကိုပြန်လည်စဉ်းစားရန်”ဖြစ်သည်ဟု မီဒီယာကဖော်ပြခဲ့သည်။
 တရုတ်လူဦးရေသည်အသက်အရွယ်အိုမင်းသူများလာနေပြီးကျွမ်းကျင်လုပ်သားအရေအတွက်ကျဆင်းလာ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required