ဒလိုင်းလားမား အရိုက်အရာဆက်ခံခြင်းကို တရုတ်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေ

ဒလိုင်းလားမား အရိုက်အရာဆက်ခံခြင်းကို တရုတ်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ကြိမ်မြောက် အစည်းအဝေး၏ သီးခြား တွေ့ဆုံပွဲ၌ ဒလိုင်းလားမား အရိုက်အရာ ဆက်ခံမည့်သူ ရွေးချယ်ရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် တရုတ်ကကြိုးပမ်းနေသည်။

 "ဘာသာရေးထုံးတမ်းများနှင့်သမိုင်းဝင်ဓလေ့ထုံးစံများဆိုင်ရာ နိုင်ငံတကာအွန်လိုင်းအစည်းအဝေး" တွင် ဒလိုင်းလားမား အရိုက်အရာ ရွေးချယ်ခြင်းနှင့် ပတ်သက်၍  တရုတ်အစိုးရက စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ထပ်မံအတည်ပြုခဲ့သည်ဟု တိဗက်အခွင့်အရေးစုပေါင်းအဖွဲ့(TRC) ကသတင်းထုတ်ပြန်ခဲ့သည်။

 ဒလိုင်းလားမားလူဝင်စားခြင်းကိစ္စတွင်“မည်သည့်အစိုးရနှင့်မည်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်စွက်ဖက်ပိုင် ခွင့်မရှိ”ဟူသော မကြာသေးမီက ယင်း၏ရပ်တည်ချက်ကို တိဗက်ဗဟိုအုပ်ချုပ်ရေး (CTA) ၏ အစိုးရအဖွဲ့က အခိုင်အမာပြောကြားပြီးနောက် ယခုလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီတောင်းဆိုချက်တွေကလုံလောက်တဲ့သမိုင်းအခြေခံတွေရှိရုံသာမကဘဲခွဲထွက်ရေးအင်အားစုတွေမလှုပ်နိုင် အောင်လက်ရှိဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့လည်း လိုက်လျောညီထွေ ဖြစ်စေပါတယ်”ဟု တရုတ်တိဗက်ဗေဒ သုတေသန စင်တာ (CTRC) မှအကြီးတန်းသုတေသီနှင့် ညွှန်ကြားရေးမှူးချုပ်ကျန်းဒူကပြောကြားခဲ့သည်။
 
တရုတ်ကတိဗက်ကို တရားမဝင်ကျူးကျော်ဝင်ရောက်ခဲ့ပြီး တိဗက်ကိုတရုတ်ဇာတ်သွင်းရေး ကြိုးပမ်းမှုများကို ယနေ့တိုင်ဆက်လက်လုပ်ဆောင်နေသည်။

တိဗက်သည်လွတ်လပ်သောနိုင်ငံဖြစ်ကြောင်းသမိုင်းအထောက်အထားများစွာကဖော်ပြနေသော်လည်း တိဗက်သည်တရုတ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုတရုတ်ကအခိုင်အမာဆိုသည်ဟုTRC ကဖော်ပြခဲ့သည်။

ဒလိုင်းလားမားနှင့်ပန်ချန်လားမားအပါအဝင်သက်ရှိဗုဒ္ဓများ၏လူဝင်စားကိစ္စများကိုစီမံခန့်ခွဲခြင်းသည်တရုတ်ဗဟိုအစိုးရ၏သမိုင်းကြောင်းတစ်လျှောက်လုံးလုပ်ဆောင်ရမည့်လူမှုရေးတာဝန်ဖြစ်သည်ဟုတရုတ်လူမှုရေးသိပ္ပံအကယ်ဒမီလက်အောက်ရှိလူမျိုးရေးနှင့်မနုဿဗေဒသိပ္ပံမှညွှန်ကြားရေးမှူးဝမ်ယန်ကျုံကမှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required