The Rising Voice of Tomorrow (Episode – 21)

The Rising Voice of Tomorrow (Episode – 21)

တော်လှန်ရေးမှာ ပြည်သူတရပ်လုံးနဲ့၊ လူအများစုဖြစ်တဲ့ ဗမာလူမျိုးတွေလည်း ပါဝင်နေတာတွေ့ရကြောင်း၊

ဒါ့အပြင် ယခုအခါမှာ တိုင်းရင်းသားအားလုံး၊ ဘာသာခြားတွေအားလုံးနဲ့ပါ နားလည်မှု တစုံတရာရှိလာပြီး စည်းလုံးညီညွတ်မှုတွေ ရှိလာတဲ့အပြင်၊

LGBT အင်အားစုတွေနဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေကိုပါ လက်ခံလာပြီဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးနဲ့ ယခုထက်ပိုပြီး အားစိုက်လိုက်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ အောင်မြင်မှု ရလာမှာ မလွဲဖြစ်ကြောင်းအပြင်၊

NUG အစိုးရအနေနဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို မိမိတို့အနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေရပြီး ဒီအတွက် ငွေအင်အားနဲ့ လူအင်အား အလွန်လိုအပ်နေကြောင်းနဲ့ အခြားအကြောင်းအရာတွေကို NUG အစိုးရရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက သုံးသပ်ဆွေးနွေးထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly