ကိုဗစ်ပိတ်ဆို့ကန့်သတ်ချက်များကြောင့် တရုတ်နည်းပညာ လုပ်ငန်း အဓိကမြို့တွင် ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြမှု ပေါ်ပေါက်

ကိုဗစ်ပိတ်ဆို့ကန့်သတ်ချက်များကြောင့် တရုတ်နည်းပညာ လုပ်ငန်း အဓိကမြို့တွင် ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြမှု ပေါ်ပေါက်

တရုတ်တောင်ပိုင်းရှိနည်းပညာအချက်အချာမြို့ဖြစ်သောရှန်ကျန်းတွင်ကိုဗစ်ကူးစက်မှုအနည်းငယ်ဖြစ်ပွားပြီးနောက်တာဝန်ရှိသူများကရုတ်တရက်ပိတ်ဆို့ကန့်သတ်ကြောင်းကြေညာပြီးနောက ်လူဒါဇင်ပေါင်းများစွာ   ဆန္ဒပြခဲ့ကြသည်။

လူပေါင်း၁၈သန်းကျော်နေထိုင်သည့်မြို့ကြီးတွင်စက်တင်ဘာ၂၇ရက်ကကူးစက်မှု၁၀ခုသာရှိကြောင်း အစီရင်ခံခဲ့သော်လည်း အာဏာပိုင်များက တရုတ်အစိုးရ၏တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုလိုက်နာခြင်းအားဖြင့် ခရိုင်၃ခုတွင်နေထိုင်သူများကို နေအိမ်များတွင်သာနေကြရန်အာဏာပိုင်များကအမိန့်ထုတ်ထားသည်။

အောက်တိုဘာလတွင်ပေကျင်းမြို့တွင်ကျင်းပမည့်အထင်ကရနိုင်ငံရေးဆွေးနွေးပွဲမတိုင်မီအာဏာပိုင်များက ရောဂါဖြစ်ပွားမှုများကို အမြန်ချေမှုန်းရန်ဖိအားပေးခံနေရသည်။
 
Twitter ကဲ့သို့သော တရုတ်လူမှုမီဒီယာဖြစ်သည့် Weibo နှင့်Instagram တွင်ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် ဆေးဘက်ဆိုင်ရာ အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားသည့်ရဲများ  တန်းစီနေစဉ် “ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုရုတ်သိမ်းပေး”ဟုဒါဇင်နှင့်ချီသောလူများကကြွေးကြော်နေသည်ကိုတွေ့မြင်ရသည်။

ဗီဒီယိုဖိုင်တစ်ခုတွင်အမျိုးသမီးတစ်ဦးက "ရဲတွေကလူတွေကိုရိုက်နေတယ်" ဟုအော်ပြောနေသည်။ ဆန္ဒပြပွဲသည်မြို့တော်အစိုးရအခြေစိုက်ရာဖူထန်းခရိုင်ရှိရှဝေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှဝေမြေအောက်ရထားဘူတာသည်စက်တင်ဘာ၂၆ရက်ည၁၀နာရီမှစတင်၍ "ကူးစက်ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်မှု၏တစ်စိတ်တစ်ပိုင်း" အဖြစ် နောက်ထပ်သတိပေးချက် မထုတ်ပြန်မချင်း ပိတ်ထားမည်ဖြစ်ကြောင်းမြေအောက်ရထားအာဏာပိုင်များကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖူထန်း၊လျှိုဟူနှင့်လောင်ကန်ခရိုင်၃ခုရှိ“အန္တရာယ်မြင့်မားသောဒေသ”၁၄ခုထက်မနည်းသည်စက်တင်ဘာ၂၇ရက်တွင်ပိတ်ဆို့ကန့်သတ်ခံခဲ့ရပြီးဒေသခံများအားနေအိမ်များတွင်သာနေထိုင်နေခိုင်းထားပြီးကျန်းမာရေးတာဝန်ရှိသူများကကူးစက်ခံရသူအရေအတွက်ကိုအသေးစိတ်မဖော်ပြခဲ့ပေ။

အခြားရပ်ကွက်၁၅ခုကိုအန္တရာယ်အလယ်အလတ်ရှိနေရာများအဖြစ်သတ်မှတ်ထားပြီးနေထိုင်သူများသည်၎င်းတို့၏အိမ်ရာဝန်းအတွင်းသာသွားလာခွင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required