ကိုယ်အလေးချိန်များသူများနှင့်အဝလွန်သူများကြောင့် တရုတ်နိုင်ငံအတွက် နှစ်စဉ်   ဒေါ်လာ ၁၀ ထရီလီယံ ထိခိုက်ဆုံးရှုံးနိုင်

ကိုယ်အလေးချိန်များသူများနှင့်အဝလွန်သူများကြောင့် တရုတ်နိုင်ငံအတွက် နှစ်စဉ်   ဒေါ်လာ ၁၀ ထရီလီယံ ထိခိုက်ဆုံးရှုံးနိုင်

တရုတ်သည်ကမ္ဘာတွင်ကိုယ်အလေးချိန်များနေသူများသို့မဟုတ်အဝလွန်သူဦးရေအများဆုံးနိုင်ငံဖြစ်ခြင်းကြောင့် ၎ င်းတို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၁၀ထရီလီယံ ထိခိုက်ဆုံးရှုံးနိုင်မည်ဟု ခန့်မှန်းထားသည်။

ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများကြောင့်စီးပွားရေးထိခိုက်မည့် နိုင်ငံပေါင်း၁၆၁နိုင်ငံတွင် တရုတ်ပါဝင်သည်။

သာမန်လူများလေ့လာခွင့်ရသည့်စာတမ်းတစ်စောင်နှင့်BMJ Global Health ထုတ်ဝေမှုတွင် အဆိုပါပြဿနာနှစ်ရပ်ကြောင့် စီးပွားရေးကုန်ကျစရိတ်သည် နိုင်ငံပေါင်း၁၆၁နိုင်ငံတွင် ဂျီဒီပီ၏ ၂ဒသမ၁၉ရာခိုင်နှုန်းမှ၃ဒသမ၃ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေသည်။
 
ယင်းတွေ့ရှိချက်များကို ကမ္ဘာ့အဝလွန်သူများဖောင်ဒေးရှင်းနှင့်RTI International တို့ ပူးပေါင်းပြုလုပ်သည့်လ ေ့လာမှုအသစ်တွင်ဖော်ပြထားသည်။
 
ယင်းလေ့လာမှုကကိုယ်အလေးချိန်များနေသူများနှင့်အဝလွန်ခြင်းတို့ကြောင့်ဖြစ်ပေါ်သောလက်ရှိစီးပွားရေး အကျိုးသက်ရောက်မှုကိုခွဲခြမ်းစိတ်ဖြာပြီးအဓိကအားဖြင့်မကူးစက်သောရောဂါများဖြစ်သည့် (NCD)ကင်ဆာ၊ဆီးချိုရောဂါနှင့်နှလုံးသွေးကြောရောဂါကဲ့သို့သောရှောင်လွဲရနိုင်သောရောဂါများ၏ကျန်းမာရေးအသုံးစရိတ်ကြောင့်ဖြစ်လာသည့်စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများကိုလေ့လာသည့်ပထမဆုံးကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက်ဖြစ်သည်။

ကိုယ်အလေးချိန်များခြင်းနှင့်အဝလွန်ခြင်းတို့သည်တရုတ်တွင်အဖြစ်များသောလူနေမှုပုံစံပြဿနာများဖြစ်သည်။
 
တရုတ်အစိုးရကယင်းအချက်ကိုကောင်းစွာသိသော်လည်းထိရောက်သောကျန်းမာရေးအစီအမံများကိုဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည်။မတ်လ၄ရက်တွင်ကျင်းပသည့်ကမ္ဘာ့အဝလွန်သူများနေ့လှုပ်ရှားမှုတွင်တရုတ်အစိုးရက တရားဝင်ပါဝင်ခဲ့သည်။

"တရုတ်နိုင်ငံသားများနာတာရှည်ရောဂါများနှင့်အာဟာရဆိုင်ရာအစီရင်ခံစာ (၂၀၂၀)" သည်ထိတ်လန့်ဖွယ်ရာအချက်အလက်များကိုထုတ်ဖော်ပြသခဲ့သည်။

အစီရင်ခံစာတွင်အရွယ်ရောက်ပြီးသူ၏၅၀ရာခိုင်နှုန်းကျော်နှင့်ကျောင်းနေအရွယ်ကလေးငယ်၂၀ရာခိုင်နှုန်းသည်ကိုယ်အလေးချိန်များခြင်းနှင့်အဝလွန်ကြောင်းတွေ့ရှိရသည်။

အဝလွန်ခြင်းသည်နာတာရှည်ရောဂါများနှင့်အရွယ်မတိုင်မီသေဆုံးမှုများနှင့်ဆက်စပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly