တရုတ်အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဘွဲ့ရများ လစာနည်းပါးကာ အလုပ်သမားဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်

တရုတ်အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဘွဲ့ရများ လစာနည်းပါးကာ အလုပ်သမားဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်

ရှောင်လင်းနှင့် သူမ၏ခင်ပွန်းတို့သည် အလုပ်ချိန် ၁၀ နာရီဖြင့် ရက်ပေါင်းမည်မျှပင်လုပ်စေကာမူ အောင်မြင်မည့်ဟန်မရှိပေ။ ကွမ်ကျိုးအသက်မွေးဝမ်းကျောင်းကောလိပ်ဘွဲ့ရ အသက် ၂၇ နှစ်အရွယ် ရှောင်သည် ဝန်ဆောင်မှုနယ်ပယ်တွင် အရောင်းဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်နေကာ ရောင်းအားပေါ်မူတည်ပြီး တစ်လလျှင် ယွမ် ၄၉၀၀ (အမေရိကန်ဒေါ်လာ ၆၈၉) နှင့် ယွမ် ၆၅၀၀ ကြား ရရှိသည်။
 
သူမ၏ခင်ပွန်းမှာ ၂၀၂၀ ခုနှစ်က တည်ထောင်ခဲ့သော  ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအသေးစားတစ်ခုမှ ဝင်ငွေအတန်အသင့်ရခဲ့သော်လည်း တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများကြောင့် ၂ နှစ်ကျော်အတွင်း စီးပွားရေးအထိနာခဲ့သည်။
 
သီးခြားအလုပ်အကိုင်များအတွက် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးသည့် တရုတ်အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဘွဲ့ရများအတွက်မူ  အဆိုပါဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။
 
ပုံမှန်အားဖြင့်  ၃ နှစ်လေ့လာသင်ယူရသော အသက်မွေးဝမ်းကျောင်းကောလိပ်ဘွဲ့ရများ၏ ၆၃ ဒသမ ၄ ရာခိုင်နှုန်းမှာ တစ်လလျှင် ယွမ်ငွေ ၅ ၀၀၀ အောက်သာ ရရှိကြောင်း တရုတ်လူ့စွမ်းအားအရင်းအမြစ်နှင့်အလုပ်ခန့်အပ်ရေးအေဂျင်စီ 51job.com မှပြုလုပ်သည့် စက်တင်ဘာလ စစ်တမ်း၌ဖော်ပြထားသည်။
 
တရုတ်နိုင်ငံတွင် ယခုနှစ်၌ အသက်မွေးဝမ်းကျောင်းကောလိပ်မှ ကျောင်းသား ၆ ဓသမ ၅၄ သန်းအပါအဝင် တတိယအဆင့်ကျောင်းများမှ ဘွဲ့ရမည့်ကျောင်းသား ၁၀ ဒသမ ၇၆ ဦးရှိပြီး စီးပွားရေးနှေးကွေးနေချိန်၌ အလုပ်သမားဈေးကွက်တွင် ဖိအားပိုများလာသည်။

မြို့ငယ်များတွင် အသက်မွေးဝမ်းကျောင်းဘွဲ့ရများသည် အလုပ်လျှောက်ရာတွင် ၎င်းတို့ဘွဲ့များမှာ အားသာချက်တစ်ခု မဟုတ်ကြောင်း သိရှိလာကြသည်။

စီးပွားရေးနှင့်အလုပ်အကိုင်အလားအလာနှင့်ပတ်သက်၍ မျှော်လင့်ချက်ဝေဝါးနေသော လူငယ်များသည် စစ်တမ်းရလဒ်များကို တွေ့မြင်ပြီး ငွေကြေးသုံးစွဲမှုနှင့် လက်ထပ်ရန် သို့မဟုတ် ကလေးယူလိုသောဆန္ဒများ လျော့နည်းလာပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required