မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ညစ်ညမ်းကားများထုတ်လွှင့်သော တရုတ်နိုင်ငံသားကို ဘင်္ဂလားဒေ့ရှ် ပြစ်မှု မှတ်တမ်းစာရင်းသွင်း

မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ညစ်ညမ်းကားများထုတ်လွှင့်သော တရုတ်နိုင်ငံသားကို ဘင်္ဂလားဒေ့ရှ် ပြစ်မှု မှတ်တမ်းစာရင်းသွင်း

မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ညစ်ညမ်းကားများကို ကြော်ငြာကာ ထုတ်လွှင့်ပြသမှုမှ ဝင်ငွေသန်းပေါင်းများစွာ တရားမဝင် ရှာဖွေနေသော တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်၌ ပြစ်မှုမှတ်တမ်းစာရင်းသို့ ထည့်သွင်းလိုက်ကြောင်း ဒေသတွင်းမီဒီယာDaily Sangramကဖော်ပြသည်။

တရုတ်နိုင်ငံသား၏ စီစဉ်ညွှန်ကြားမှုဖြင့် ပြသသော တိုက်ရိုက်ထုတ်လွှင့်သည့် Bigo Banglaသည် ကြည့်ရှုသူများထံမှ စုစုပေါင်းတာကာငွေ ၁ ဒသမ ၈ ဘီလီယံရရှိထားသည်ဟု စုံစမ်းစစ်ဆေးရေးဌာန (CID) ကို ကိုးကား၍ Daily Sangramကဖော်ပြသည်။
 
တရုတ်နိုင်ငံသား ယောင်ကျဲအပါအဝင် လူ၅ ဦးကို ငွေကြေးခဝါချမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။ ယောင်ကျဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာကာ ၇၉ ကုဋေကို ပြည်ပသို့ တရားမဝင်လွှဲပြောင်းခဲ့ကြောင်း စွပ်စွဲခံထားရသည်ဟု ဆိုသည်။

အမှုဖွင့်သော CID ဒု-ရဲအုပ် ဆိုဟယ်ရာနာသည် Bigo Live၏ ငွေကြေးခဝါချမှုကို စုံစမ်းနေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ လိုအပ်သော သက်သေအထောက်အထားများ စုဆောင်းပြီးနောက် စက်တင်ဘာ ၂၅ ရက်က Bigoမှ တာဝန်ရှိသူကို တရားစွဲခဲ့သည်။
 
မန်နေဂျင်းဒါရိုက်တာအပြင် Bigoတွင်အလုပ်လုပ်သော ဘင်္ဂလားလူမျိုးများဖြစ်သည့် နမ်မူလ်ဟာကီး၊ အာရစ်ဖ်ဟိုစိန်နှင့် Monsoon Holdingလုပ်ငန်းစုတို့ကို တရားပြိုင်များအဖြစ် ထည့်သွင်းခဲ့သည်။
 
အလားတူ အိန္ဒိယရှိ တရုတ်မိုဘိုင်းထုတ်လုပ်ရေးကုမ္ပဏီများသည် အစိုးရ၏ စောင့်ကြည့်မှုကို ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly