အာဖဂန်နစ္စတန်တွင် ပါကစ္စတန်ငွေကြေး အသုံးပြုမှု တာလီဘန် ပိတ်ပင်

အာဖဂန်နစ္စတန်တွင် ပါကစ္စတန်ငွေကြေး အသုံးပြုမှု တာလီဘန် ပိတ်ပင်

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ဆက်ဆံရေး တင်းမာမှု အရှိန်မြင့်တက်မှုအဖြစ် အာဖဂန်နစ္စတန်တွင် ပါကစ္စတန် ရူပီးငွေကြေး အသုံးပြုမှုကို တာလီဘန်တို့က ပိတ်ပင်တားမြစ်လိုက်သည်။
 
ပါကစ္စတန်နိုင်ငံသုံး ငွေကြေးအပေါ် ပိတ်ပင်မှုက အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း အာဖဂန်သတင်းအေဂျင်စီ Khaama Press က ဖော်ပြသည်။

အာဖဂန်နစ္စတန်ရှိ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ် လုပ်ငန်းကိစ္စများတွင် ပါကစ္စတန် ရူပီးငွေ အသုံးပြုမှု အပေါ် လုံးလုံးလျားလျား ပိတ်ပင်ကြောင်း တာလီဘန် ထောက်လှမ်းရေး အေဂျင်စီက ကြေညာခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ မီဒီယာက ဖော်ပြသည်။

ထို ညွှန်ကြားချက်ကို တာလီဘန် အေဂျင်စီ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနခွဲက ငွေလဲလှယ်မှု အသင်းအဖွဲ့ထံ အသိပေးအကြောင်းကြားခဲ့သည်။

ယခု ညွှန်ကြားချက်အရ ငွေလွှဲပြောင်းမှုများ၊ ကုန်သွယ်မှုနှင့် ငွေကြေးလဲလှယ်မှု အပါအဝင် အားလုံးသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စများတွင် ပါကစ္စတန်ရူပီးငွေ အသုံးပြုခြင်းကို ခွင့်မပြုကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly