ပါကစ္စတန်တွင် ရေဘေးကယ်ဆယ်ရေးနှင့် စီးပွားရေးကိစ္စထက် စစ်တပ်အကြီးအကဲသစ် ခန့်အပ်ရေးကို ပိုမို အာရုံစိုက်နေ

ပါကစ္စတန်တွင် ရေဘေးကယ်ဆယ်ရေးနှင့် စီးပွားရေးကိစ္စထက် စစ်တပ်အကြီးအကဲသစ် ခန့်အပ်ရေးကို ပိုမို အာရုံစိုက်နေ

ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှုဒဏ်ခံရမှုနှင့် စီးပွားရေး ဝရုန်းသုန်းသား ဖြစ်မှု အခြေအနေတို့ကို ကြုံနေရသည့် ဆိုသော်လည်း လာမည့် ရွေးကောက်ပွဲ၌ စစ်တပ်အကြီးအကဲသစ်အဖြစ် မည်သူ့ကို ခန့်အပ်သင့်သည်ဆိုသည့် ကိစ္စက အဓိက အာရုံစိုက် ငြင်းခုံဆွေးနွေးသည့် အကြောင်းအရာအဖြစ် ဆက်ရှိနေကြောင်း Geo Politica မီဒီယာက ဖော်ပြသည်။
 
ပါကစ္စတန်သည် လက်ရှိအချိန်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများ၏ အဆိုးဆုံး အခြေအနေများကို တွေ့ကြုံခံစားနေရသည်။ ရေကြီးမှုများက နိုင်ငံ၏ သုံးပုံတစ်ပုံကို ထိခိုက်စေခဲ့ကာ ခြံမွေးတိရစ္ဆာန်များနှင့် သီးနှံများအပေါ် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။

နောက်ထပ် အရေးကြီးဆွေးနွေးစရာ အကြောင်းအရာတစ်ခုက နိုင်ငံ၏ စီးပွားရေးကိစ္စ ဖြစ်ပြီး ပါကစ္စတန် စီးပွားရေးသည် ဖရိုဖရဲအခြေအနေတွင် ဆက်ရှိနေကာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကျပ်အတည်း ကယ်တင်မှု အကူအညီများအပေါ်တွင်သာ အကြီးအကျယ် မှီခိုနေရသည်။
 
သို့သော် ယခုအချိန်အထိ ပါကစ္စတန်၌ အာရုံစိုက် ငြင်းခုံဆွေးနွေးမှုများက လက်ရှိ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါ အနားယူသွားပါက စစ်တပ်အကြီးအကဲသစ်အဖြစ် မည်သူ့ကို ခန့်အပ်မည်လဲ ဆိုသည့်အပေါ်တွင်သာ အဓိက အခြေပြုနေသည်။ လက်ရှိ ပါကစ္စတန်အစိုးရသည် စစ်တပ်အကြီးအကဲသစ်ကို ၎င်းတို့ဘာသာ ခန့်အပ်ရန် ရွေးကောက်ပွဲကို အချိန်ဆွဲထားကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဝေဖန်ခဲ့သည်။

ထို့နောက်တွင် ကမ္ဘာပေါ်ရှိ လူတိုင်းသည် မိမိအကျိုးစီးပွားအတွက်သာ လုပ်ကိုင်နေကြသည့်အတွက် အရာအားလုံးသည် အရှုံးအနိုင် ချိန်ခွင်ညှာပေါ်တွင် ရှိနေသည်ဟု အစ္စလမ်မာဘတ် တရားရုံးချုပ်က မှတ်ချက်ပြုခဲ့ရာ ယင်းက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို ဝေဖန်သည်ဟု ယူဆရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

စစ်တပ်နှင့် ပတ်သက်ပြီး အီမရန် ခန်း၏ ထုတ်ဖော်ပြောဆိုမှု ထွက်ပေါ်ပြီးနောက်ပိုင်း စစ်တပ်အကြီးအကဲ တစ်ဦးက မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်၊ မဖြစ် ခန်းအနေဖြင့် မည်သည့်အတွက်ကြောင့် လူသိရှင်ကြား ပြောနိုင်သည့်ဆိုခြင်းကို အစ္စလမ်မာဘတ် တရားရုံးချုပ် တရားသူကြီးချုပ် အက်တာ မီနယ်လာက မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly