ပါကစ္စတန်၏ အကြီးဆုံး ပုဂ္ဂလိကဘဏ် HBL က အယ်လ်ကိုင်ဒါ အကြမ်းဖက်မှုကို ထောက်ကူပံ့ပိုးခဲ့ဟု စွပ်စွဲခံရ

By The Print
06 October 2022
ပါကစ္စတန်၏ အကြီးဆုံး ပုဂ္ဂလိကဘဏ် HBL က အယ်လ်ကိုင်ဒါ အကြမ်းဖက်မှုကို ထောက်ကူပံ့ပိုးခဲ့ဟု စွပ်စွဲခံရ

ပါကစ္စတန်၏ အကြီးဆုံးသော နိုင်ငံစုံအခြေစိုက် ပုဂ္ဂလိကဘဏ် Habib Bank Limited (HBL) သည် အယ်လ်ကိုင်ဒါအဖွဲ့ကို ကူညီအားပေးပြီး အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုကို ဖြစ်မြောက်စေရန် ပံ့ပိုးပေးခဲ့သည် ဆိုပြီး အမေရိကန်တွင် တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။

HBL ဘဏ်သည် အယ်လ်ကိုင်ဒါ၏ အကြမ်းဖက်မှုကို အားပေးကူညီခဲ့သလို အာဖဂန်နစ္စတန်တွင် ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်အကြား လူပေါင်း ၃၇၀ ဦးကို သေဆုံး သို့မဟုတ် ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်မှုများကို လုပ်ဆောင်သည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ရပ်တွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု တရားလိုဘက်က ထုတ်ဖော်ထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

သို့သော် မိမိတို့ ဘဏ်အနေဖြင့် အမေရိကန် တရားရုံးတစ်ခု၌ စွဲဆိုခံထားရသည့် စွဲချက်များကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း   HBL ဘဏ်က ပြောသည်။

HBL ဘဏ်အနေဖြင့် နိုင်ငံတကာ အကြမ်းဖက်မှု လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်သူ သို့မဟုတ် အကြမ်းဖက်မှုအတွက် မည်မည်ရရ ရှိသော အကူအညီကို သိလျှက်ဖြင့် ပံ့ပိုးပေးခြင်းအားဖြင့် အားပေးကူညီသူ အဖွဲ့တစ်ခု ဖြစ်ခြင်းအတွက် အကြမ်းဖက်မှုကို ကူညီပံ့ပိုးသူများ တိုက်ဖျက်ရေး တရားရေး ဥပဒေအောက်တွင် တာဝန်မကင်းမှုများနှင့် ရင်ဆိုင်နေရကြောင်း နယူးယော့ခ် ခရိုင်တရားရုံးတစ်ခုက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်တွင် ဖော်ပြသည်။

“တိုင်ကြားချက်တွေအရ စွပ်စွဲခံရတဲ့ အဖွဲ့အစည်းဟာ ဖောက်သည်တွေကို နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုစနစ်တွေကနေ ရှောင်တိမ်းနိုင်စေအောင် ကူညီဖို့ တမင်ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်တာက စီးပွားရေး အန္တရာယ်ကို ကျရောက်စေပြီး အဆုံးစွန်မှာတော့ စွပ်စွဲခံ အဖွဲ့အစည်းဟာ အမေရိကန်ကနေ နှင်ထုတ်ခံရတဲ့အထိ ဖြစ်စေပါမယ်။ အဲဒီလို စွပ်စွဲချက်တွေဟာ လုံလောက်ပါတယ်” ဟု ညွှန်ကြားချက်တွင် ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required