သီရိလင်္ကာ၏ လူ့အခွင့်အရေးမှတ်တမ်းအပေါ် ဆွေးနွေးရန် ကုလလူ့အခွင့်အရေးကောင်စီ အဆိုပြုချက်တွင် အိန္ဒိယ မဲမပေး

By PTI
06 October 2022
သီရိလင်္ကာ၏ လူ့အခွင့်အရေးမှတ်တမ်းအပေါ် ဆွေးနွေးရန် ကုလလူ့အခွင့်အရေးကောင်စီ အဆိုပြုချက်တွင် အိန္ဒိယ မဲမပေး

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ သီရိလင်္ကာတွင် ပြန်လည်သင့်မြတ်ရေး၊ တာဝန်ခံရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များ မြှင့်တင်ရေးအတွက် ဆွေးနွေးရန် အဆိုပြုချက်မူကြမ်းကို အောက်တိုဘာ ၆ ရက်က မဲခွဲရာတွင် အိန္ဒိယက မဲပေးခြင်း မရှိခဲ့ပေ။ 

ယင်းကဲ့သို့ မဲမပေးခြင်းနှင့် ပတ်သက်၍ အိန္ဒိယက သီရိလင်္ကာ တမီးလ်တို့၏ ရသင့်သည့် မျှော်လင့်ချက်များနှင့်  ဆက်စပ်သည့် ရည်မှန်းချက်များ ဖြစ်လာစေရန်၊ သီရိလင်္ကာပြည်သူအားလုံး ကြွယ်ဝချမ်းသာရေးတို့အတွက် သက်ဆိုင်ရာနိုင်ငံအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းအဆိုပြုချက်မူကြမ်းကို ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၌ တင်သွင်းခဲ့ရာ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ထောက်ခံမဲ ၂၀၊ တရုတ်နှင့် ပါကစ္စတန်တို့အပါအဝင် ၇ နိုင်ငံက ကန့်ကွက်မဲနှင့် အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ကာတာအပါအဝင် နိုင်ငံ ၂၀က မဲပေးခြင်း မရှိခဲ့ပေ။

ယင်းအဆိုပြုချက်ကို ဗြိတိန်၊ အမေရိကန်၊ အာဂျင်တီးနား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ မက္ကဆီကို ၊ နယ်သာလန်၊ ပါရာဂွေး၊ ပိုလန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းတို့အပါအဝင် နိုင်ငံ ၂၀ က ထောက်ခံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required