အွန်လိုင်းမှ အရောင်းမြှင့်တင်ရေးပွဲတော် ပထမပတ်အတွင်း ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများ ရောင်းချရ

By Good Morning Kashmir
06 October 2022
အွန်လိုင်းမှ အရောင်းမြှင့်တင်ရေးပွဲတော် ပထမပတ်အတွင်း ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများ ရောင်းချရ

အိန္ဒိယဝင် အွန်လိုင်းမှ အရောင်းမြှင့်တင်ရေးပွဲတော် ပထမပတ်ဖြစ်သည့် စက်တင်ဘာ ၂၂ မှ ၃၀ အတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ၇ ဘီလီယံ (ရူပီး ကုဋေ၄ သောင်း) တန်ဖိုးရှိ ပစ္စည်းများကို ရောင်းချခဲ့ရပြီး နှစ်စဉ် တိုးတက်မှု ၂၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အောက်တိုဘာ ၆ ရက်က ထွက်ရှိလာသည့် အစီရင်ခံစာကို IANS သတင်းဌာနက ဖော်ပြခဲ့သည်။

ကုန်ပစ္စည်းအားလုံး ရောင်းချရမှု စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းများဖြစ်ပြီး တစ်နာရီလျှင် မိုဘိုင်းဟန်းဆက်အလုံးရေ ၅၆၀၀၀ နီးပါး ရောင်းချခဲ့ရကြောင်း ဈေးကွက် သုတေသနအဖွဲ့ Redseer Strategy Consultants ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဈေးဝယ်သူ သန်း ၇၀-၈၀ က အရောင်းပွဲတော် ပထမအပတ်အတွင်း၌ပင် ကုန်ပစ္စည်း နည်းလမ်းမျိုးစုံမှ မှာယူခဲ့ကြသည်။ 

အလားတူ ကာလအတွင်း နှစ်အလိုက် ဝယ်ယူသူအရေအတွက် တိုးတက်မှုမှာ ၂၄ ရာခိုင်နှုန်းရှိခဲ့သည်။ 

“မိုဘိုင်းဟန်းဆက်ရောင်းချရမှုသည် ပြည်တွင်း ကုန်ပစ္စည်းတန်ဖိုး (GMV)  တွင် အများဆုံးဖြစ်ပြီး ၄၁ရာခိုင်နှုန်းရှိကာ တစ်နာရီ ရောင်းချရသည့်အလုံးရေ ၅၆၀၀၀ ရှိသည်။ ဖက်ရှင်ပစ္စည်းများက ၂၀ ရာခိုင်နှုန်းရှိခဲ့ကာ ပြီးခဲ့သည့်နှစ် အွန်လိုင်းဈေးရောင်းကာလထက် ၄၈ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ပါတယ်” ဟု Redseer Strategy Consultants ဟု ပူးတွဲ မိတ်ဖက်တစ်ဦးဖြစ်သူ ဆန်ဂျေးကိုတာရီက ပြောကြားသည်။

ထို့ပြင် အွန်လိုင်းမှ ဈေးဝယ်သူများ၏ သုံးစွဲမှုနှစ်အလိုက် မြင့်တက်မှုမှာလည်း ပထမရက်အပတ်အတွင်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

ဒေဝါလီ နေ့အထိ အရောင်းပွဲတော် ကာလတစ်ခုလုံးတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ၈ တန်ဖိုးရှိ ပြည်တွင်းကုန်ပစ္စည်းများ ရောင်းချရနိုင်ကြောင်း Redseer အဖွဲ့က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly