ကက်ရှ်မီးယားဒေသမှ ပန်းသီးစိုက် တောင်သူများအတွက် မိုဘိုင်းဖုန်းအပလီကေးရှင်း ဖန်တီး 

ကက်ရှ်မီးယားဒေသမှ ပန်းသီးစိုက် တောင်သူများအတွက် မိုဘိုင်းဖုန်းအပလီကေးရှင်း ဖန်တီး 

ကက်ရှ်မီးယားဒေသမှ ပန်းသီးစိုက်တောင်သူများ၏ စီးပွားရေး ထိခိုက်ဆုံးရှုံးနေရမှုများကြောင့်  ယင်းဒေသ တောင်ပိုင်းခရိုင်များမှ လူငယ် ၃ ဦးက  စိုက်ပျိုးသူများ  ကုန်ကျစရိတ် ချွေတာနိုင်ရန်နှင့် သီးနှံများကို ဈေးကွက် အတွင်း ကောင်းမွန်စွာ ရောင်းချနိုင်စေရန် နည်းလမ်းကောင်းတစ်ခုကို ဖန်တီးပေးခဲ့ကြသည်။

၎င်းတို့ ၃ ဦး၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် စိုက်ပျိုးသူများအနေဖြင့် အရည်အသွေးရော အထွက်တိုးပါ ကောင်းမွန်သည့် ပန်းသီးများကို ထုတ်လုပ်လာနိုင်ကြသည်။

တောင်သူလယ်သမားများအတွက် ၎င်းတို့ဖန်တီးလိုက်သည့် မိုဘိုင်းအပီကေးရှင်းသည် ငွေကုန်ကြေးကျ သက်သာပြီး သစ်သီးများ ထုတ်လုပ်မှု ပိုမိုကောင်းမွန်လာစေကာ တစ်ချက်နှိပ်ရုံမျှဖြင့်  မဖြစ်မနေလိုအပ်သည့် သတင်းအချက်အလက်များကို အချင်းချင်း မျှဝေပေးနိုင်သည်။

မိုးရွာခြင်း၊ အပူချိန်မြင့်ခြင်းနှင့် အခြားအကြောင်းအရာများကြောင့် ဖြစ်ပွားသည့် မှိုကဲ့သို့သော ရောဂါများကို စစ်ဆေးနိုင်သလို အခြားတောင်သူများသို့ သတင်းမျှဝေပေးနိုင်သည်။ ယင်းအပီလီကေးရှင်းဖြင့် မြေဆီလွှာစစ်ဆေး ခြင်းကိုလည်း အခမဲ့ လုပ်ဆောင်နိုင်သည်။ အပလီကေးရှင်းမှ သတင်းများအပြင် အကြံဉာဏ်များကိုလည်း ရရှိနိုင်သည်။ မေးခွန်းများကို လွယ်ကူစွာ မေးမြန်းနိုင်မည် ဖြစ်သည့်အပြင် မည်သည့် ကိစ္စအတွက်ဖြစ်စေ သတင်းအချက်အလက်ရရှိနိုင်သည်။ ယင်းအပလီကေးရှင်းကို ပံ့ပိုးကူညီနေသည့်အဖွဲ့တစ်ဖွဲ့က မြန်မြန်ဆန်ဆန် ပြန်လည် ဖြေဆိုပေးသွားမည်ဖြစ်သည်။ 

အဆိုပါ ဝန်ဆောင်မှုများအတွက် သီးနှံစိုက်ပျိုးသူများအနေဖြင့် အခကြေးငွေ ကုန်ကျမည်မဟုတ်ပေ။ 

“ဒီဆန်းသစ် ဖန်တီးမှုက လိုအပ်ပါတယ်။ ဒီအပလီကေးရှင်းကနေ လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရရှိနေကြပြီး မှန်းသမ်းပြီး ထင်ရာလုပ်နေရတာမျိုးတွေ မရှိတော့တာကြောင့် စိုက်ပျိုးရေးသမားတွေ အနေနဲ့ မှန်ကန်တဲ့ သိပ္ပံနည်းကျ အဆင့်တွေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တောင်သူတွေအတွက်  ပြည့်စုံတဲ့ နည်းလမ်းတွေရှာပေးချင်ပါတယ်။ သူတို့အတွက် ဝင်ငွေရှာဖွေရေးမှာ မိတ်ဖက်ဖြစ်အောင် ကြိုးစားနေတာကြောင့် ဒါကို လုပ်ပေးနေခြင်းဖြစ်ပါတယ်” ဟု အပလီကေးရှင်းအား ဖန်တီးရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly