တရုတ်၏ ရန်စမှုကိုဆန့်ကျင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ထိုင်ဝမ်၏ ဒီမိုကရေစီကိုကာကွယ်ရန်နိုင်ငံရေးသမားများကို တိုက်တွန်း

တရုတ်၏ ရန်စမှုကိုဆန့်ကျင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ထိုင်ဝမ်၏ ဒီမိုကရေစီကိုကာကွယ်ရန်နိုင်ငံရေးသမားများကို တိုက်တွန်း

တရုတ်၏ရန်စမှုကိုဆန့်ကျင်ကြောင်းထိုင်ဝမ်ဥပဒေပြုလွှတ်တော်အပြင်ဘက်တွင်လူ့အခွင့်အရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြခဲ့ကြပြီးထိုင်ဝမ်၏ဒီမိုကရေစီကိုကာကွယ်ရန်နှင့်ထိုင်ဝမ်တိုက်ခိုက်ခံရပါကလက်နက်မချရန်နိုင်ငံရေးသမားများကိုတောင်းဆိုခဲ့သည်ဟုမီဒီယာများကဖော်ပြလိုက်သည်။
 
တရုတ်နိုင်ငံအမျိုးသားနေ့မတိုင်မီတစ်ရက်အလိုစက်တင်ဘာ၃၀ရက်တွင်တိုင်ပေမြို့၌ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
 
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူကြသူများထဲမှာတိဗက်၊ဟောင်ကောင်နှင့်ဝီဂါလူ့အခွင့်အရေးလှုပ်ရှားသူများအပါအဝင်လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးပါဝင်ကြောင်းTaipei Times သတင်းတွင်ဖော်ပြထားသည်။
 
ထိုင်ဝမ်လူ့အခွင့်အရေးအဖွဲ့အထွေထွေအတွင်းရေးမှူးရှစ်ယိဆန်းကအဆိုပါအသနားခံစာတွင်အဓိကအားဖြင့် တောင်းဆိုချက် ၃ ချက်ပါဝင်ပြီး ယင်းတို့မှာလူ့အခွင့်အရေးကိုကာကွယ်ရန်၊ တရုတ်၏တိုက်ခိုက်ခံရပါက လက်နက်မချဘဲထိုင်ဝမ်လွတ်လပ်ရေးကိုကာကွယ်ရန်နှင့်တတိယအနေနှင့်တရုတ်နယ်ချဲ့မှုအားတန်ပြန်ရန်စစ်ထဲဝင်ရောက်ရန်တို့ဖြစ်ကြောင်းဆိုသည်။

“ထိုင်ဝမ်ကတရုတ်မှာဖြစ်ပျက်နေတာတွေနဲ့သိသိသာသာဆန့်ကျင်ကွဲလွဲနေပြီးလူ့အခွင့်အရေးတန်ဖိုးတွေကိုဆက်လက်အကောင်အထည်ဖော်ကာထိန်းသိမ်းထားပါတယ်။လူ့အခွင့်အရေးကိုကာကွယ်ခြင်းကတရုတ်စစ်တပ်ရဲ့ခြိမ်းခြောက်မှုကိုထိုင်ဝမ်ကခုခံကာကွယ်နေခြင်းဖြစ်ပါတယ်" ဟုရှစ်ကပြောကြားခဲ့သည်ဟုTaipei Times သတင်းတွင်ဖော်ပြထားသည်။
 
"ထိုင်ဝမ်မှာတက်ကြွတဲ့ဒီမိုကရေစီရှိပြီးလူတွေကလွတ်လပ်မှုကိုခံစားနိုင်ပါတယ်။ဒါတွေကတရုတ်ရဲ့တပ်ဖွဲ့ရဲ့ခြိမ်းခြောက်မှုကိုဆန့်ကျင်တဲ့အားအကောင်းဆုံးလက်နက်တွေပါပဲ" ဟု၎င်းကပြောကြားခဲ့သည်။
 
ထို့ပြင်တိဗက်နှင့်ထိုင်ဝမ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတာရှီဆာရင်းကလည်းတရုတ်ကတိဗက်လူမျိုးများအားရက်စက်ယုတ်မာမှုများကျူးလွန်သည့်ဖိနှိပ်မှုများကိုဆယ်စုနှစ်များစွာပြုလုပ်နေသည်ဟုပြောကြားခဲ့သည်။
 
အခြားတက်ကြွလှုပ်ရှားသူစကိုင်းဖန်ကတရုတ်ကယင်း၏နယ်မြေအတွင်းလွတ်လပ်မှုနှင့်ဒီမိုကရေစီကိုဖယ်ရှားရန်တားမြစ်ချက်များကိုတိုးမြှင့်လုပ်ဆောင်နေသည်ဟုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required