တရုတ်၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို တားဆီးရန် ဂျီ-၇ က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ပစ်မှတ်ထား

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို တားဆီးရန် ဂျီ-၇ က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ပစ်မှတ်ထား

တရုတ်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီသူအဖြစ် ပုံဖော်ရန် ကြိုးစားခဲ့သော်လည်း နိုင်ငံများကို အကြွေးထောင်ချောက်ထဲသို့ ရောက်ရှိစေခဲ့သည်။

တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တွန်းလှန်ရန်အတွက် ဂျီ-၇ သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အစားထိုးအစီအစဉ်တစ်ခုအဖြစ် အခြေခံအဆောက်အအုံအစီအစဉ်ကို ကြေညာခဲ့သည်။

မီဒီယာများသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့်ပတ်သက်၍ အမှန်အတိုင်းသိမြင်လာသည့်ဖြစ်ရပ်များကို အလေးထားဖော်ပြခဲ့ကြပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုလက်ခံသည့်နိုင်ငံများကလည်း တရုတ်၏ကြွေးမြီထောင်ချောက် ကို ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရလဒ်အဖြစ် သိရှိကာ နောင်တရလာကြကြောင်း ဆောင်းပါးရှင်း ဗယ်လာရီယိုဖက်ဘရီက ဆလိုဗေးနီးယားသတင်းဝက်ဘ်ဆိုက် Portal Plusတွင် ရေးသားထားသည်။

ပထဝီဝင်နိုင်ငံရေး တိုးတက်မှုဖြစ်စဉ်များကို ကြည့်ပါက ဥရောပသမဂ္ဂ (အီးယူ)နိုင်ငံများနှင့် အမေရိကန်၊ ကနေဒါ၊ အီတလီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်တို့ ပါဝင်သော ဂျီ-၇ သည် တရုတ်၏ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုကို အစားထိုးရန် သို့မဟုတ် လျော့ပါးစေရန် ဖြိုးဆဲနိုင်ငံများအတွက် အစားထိုး နည်းလမ်းတစ်ခုအဖြစ် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု (PGII) ကို မိတ်ဆက်ခဲ့သည်။

PGII စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ လမ်းများ၊ တံတားများ၊ ဆိပ်ကမ်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများအပါအဝင် အရေးကြီးသော အခြေခံအဆောက်အအုံများ လိုအပ်သည့် နိုင်ငံများကို ရန်ပုံငွေပံ့ပိုးပေးရန်ဖြစ်သည်။

အဆိုပါ ရည်မှန်းချက်များအပြင် PGII သည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ကောင်းမွန်လာစေရန်၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် အမျိုးသား၊အမျိုးသမီးတန်းတူညီမျှခွင့်ကို မမေ့လျော့စေရန် ဖြစ်သည်။

ဂျီ-၇ သည် PGIIစီမံကိန်းအောက်၌ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံထောက်ပံ့ရန် ကတိပြုထားသော်လည်း ပုဂ္ဂိလိက ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာနိုင်သောကြောင့် အမှန်တကယ် ရရှိလာမည့်ပမာဏမှာ ပိုများနိုင်ပေသည်။

PGII စီမံကိန်းသည် တရုတ်ကို ယှဉ်ပြိုင်ရန် စတင်လိုက်ခြင်းဖြစ်ကြောင်း အစိုးရက ယုံကြည်နေသည်ဟု China Daily သတင်းဌာနက ဖော်ပြသည်။   တရုတ်သည် PGII၏ ရလဒ်များကို သံသယရှိနေပြီး ဂျီ-၇ အပါအဝင် တခြားနိုင်ငံများသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပါဝင်သင့်ကြောင်း ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းက ကမ္ဘာအနှံ့၌ သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးပြီးနောက် ယခုအခါ နိုင်ငံများစွာထံမှ အနုတ်လက္ခဏဆောင်သော တုံ့ပြန်မှုများကို ရရှိနေ ကြောင်း PGIIစီမံကိန်းက အရိပ်အမြွက်ပြသနေသည်။ အဆိုပါ မြှုပ်နှံမှုများသည် ရေတိုတွင် ဆွဲဆောင်မှု ရှိသော်လည်း ရေရှည်တွင် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း သီရိလင်္ကာ၊ ပါကစ္စတန်နှင့်နီပေါကဲ့သို့သော တောင်အာရှနိုင်ငံများ၏ ဖြစ်ရပ်က ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required