တိဗက်ယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာများကို ပေါင်းစည်းရန် အခြေခံအဆောက်အအုံများကို တရုတ်တည်ဆောက်နေ

By Tibet rights collective
05 October 2022
တိဗက်ယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာများကို ပေါင်းစည်းရန် အခြေခံအဆောက်အအုံများကို တရုတ်တည်ဆောက်နေ

တရုတ်တွင်ကိုဗစ်-၁၉ကြောင့်စီးပွားရေးကျဆင်းချိန်တွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အခြေခံအဆောက်အအုံ တည်ဆောက်မှုကိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက စက်တင်ဘာ၂၈ရက်တွင် ပြောကြားခဲ့ကြောင်းChina Daily သတင်းတွင်ဖော်ပြထားသည်။

တရုတ်တပ်များကို မဟာဗျူဟာမြောက်နေရာများတွင် လျင်မြန်စွာဖြန့်ကျက်နိုင်စေရန် တိဗက်တွင် တရုတ်အစိုးရက နှစ်သွယ်သုံး အခြေခံအဆောက်အအုံများကို တည်ဆောက်နေသလို   တိဗက်လူမျိုးများ၏ ယဉ်ကျေးမှုကို ကွန်မြူနစ်ပါတီ (CCP) ၏ပေါင်းစပ်မှုဗျူဟာနှင့်ကိုက်ညီရန်လည်း ကြိုးပမ်းနေသည်။

ထို့ပြင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းက တိဗက်တွင် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟုလည်း CCP က တွက်ချက်ထားသည်။ 

"စီးပွားရေးတည်ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်မှုအားကောင်းအောင်ဆောင်ရွက်နေချိန်တွင်ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးကာကွယ်သည့်မူဝါဒကိုလိုက်နာခြင်းဖြင့်ဝန်ကြီးဌာနသည်ယခုနှစ်အတွင်းအရှိန်အဟုန်ဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတည်ဆောက်မှုကို အချိန်ဇယားမတိုင်မီပြီးစီးဆောင် လုပ်ဆောင်ခဲ့သည်" ဟုဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူရှုချီကပေကျင်းမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၁၉၉၀ပြည့်လွန်နှစ်များကတည်းက တရုတ်ကွန်မြူနစ်ပါတီ (CPC) အစိုးရသည် တိဗက်တွင် အခြေခံ အဆောက်အအုံတည်ဆောက်မှုတွင် မကြုံစဖူးသော ရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် အထူးသဖြင့်  ရထားလမ်းများ၊ ကားလမ်းများနှင့်လေဆိပ်များကဲ့သို့သော ဆက်သွယ်ရေးကဏ္ဍများတွင်ပြုလုပ်ခဲ့သည်ဟု တရုတ်က ထုတ်ပြန်ခဲ့သည်။

တိဗက်တွင်ရေအားလျှပ်စစ်စွမ်းအင်၊မြို့ပြတည်ဆောက်ရေး၊သတ္တုတူးဖော်ရေး၊ခရီးသွားလုပ်ငန်း၊စစ်တပ်နှင့်အစိုးရအခြေခံအဆောက်အအုံများတည်ဆောက်ရန်အတွက်လည်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်။
 အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင်ကြီးမားသောရင်းနှီးမြှုပ်နှံမှုများသည်အမှန်စင်စစ်အားဖြင့်ယင်း၏တရားမဝင်ကျူးကျော်ဝင်ရောက်သိမ်းပိုက်ထားသည့်ဒေသအားတရုတ်၏ထိန်းချုပ်မှုအားကောင်းစေရေးမဟာဗျူဟာကြောင့်ပြုလုပ်ခြင်းဖြစ်သည်။

လာဆာကဲ့သို့သောတိဗက်မြို့ကြီးများတွင်အရှိန်အဟုန်ဖြင့်မြို့ပြအသွင်ပြောင်းလဲလာမှုနှင့်အတူတရုတ်ရွှေ့ပြောင်းအလုပ်သမားများရောက်ရှိလာကြသဖြင့်တိဗက်လူမျိုးများနှင့်တရုတ်တို့အကြားလက်ထပ်ထိမ်းမြားမှုများလာ သည်ကိုတွေ့မြင်နေရသည်။
 
ရွှေ့ပြောင်းအလုပ်သမားအများအပြားဝင်ရောက်လာမှုင့်အတူ မြို့ပြအသွင်ကူးပြောင်းရေး၏ အခြားရှုထောင့်တစ်ရပ်မှာ တိဗက်ယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာကို ပေါင်းစပ်ရေး ရေရှည်မဟာဗျူဟာတစ်ခုအဖြစ်ရှုမြင်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required