ပါကစ္စတန်၏ ရေဘေးသင့်ဒေသများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး သိန်းဂဏန်းခန့်အတွက် လိုအပ်သော အထောက်အပံ့များ မရဘဲ ဖြစ်နေ

ပါကစ္စတန်၏ ရေဘေးသင့်ဒေသများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး သိန်းဂဏန်းခန့်အတွက် လိုအပ်သော အထောက်အပံ့များ မရဘဲ ဖြစ်နေ

ပါကစ္စတန်နိုင်ငံ၏ ရေဘေးသင့် ဧရိယာများရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၀၀၀၀၀ ခန့်သည် လိုအပ်သည့် မိခင်ကျန်းမာရေး အထောက်အပံ့များ မရရှိဘဲ ဖြစ်နေသလို မီးဖွားရန် ဘေးကင်းသည့် နေရာလည်း ရှိမနေကြောင်း ဘဏ္ဍာအခွန်ဆိုင်ရာ အငယ်တန်းဝန်ကြီး ဒေါက်တာ အစ်ရှာ ဂေါက်စ် ပါရှားက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။
 
ကလေးငယ် ၅သန်းကျော်သည် ကာကွယ်ဆေးထိုးနှံမှု သို့မဟုတ် အာဟာရဆိုင်ရာ စောင့်ရှောက်မှု မရရှိဘဲ ဖြစ်နေသည့်အတွက် ပါကစ္စတန် အာဏာပိုင်တို့အနေဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် မျိုးဆက်ပွားမှု ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်ရရှိစေရေး အားထုတ်မှုများကို အလျင်အမြန် လုပ်ဆောင်ရလိမ့်မည်ဟု သူမက ပြောသည်။

လူဦးရေဆိုင်ရာ ပါလီမန် ဖိုရမ် (PFP) ၏ ၇ကြိမ်မြောက် အစည်းအဝေးတွင် သူမက တက်ရောက်လာသူများကို အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ 

ထို အစည်းအဝေးကို လူဦးရေဆိုင်ရာ ကောင်စီနှင့် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) တို့က ပြည်တွင်း ဟိုတယ်တစ်ခုတွင် စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူဦးရေဆိုင်ရာ ပါလီမန် ဖိုရမ်သည် နိုင်ငံတွင် လူဦးရေနှင့် ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ပါလီမန်ဆိုင်ရာ အသိပညာပေးရန်၊ ပါတီစုံ နိုင်ငံရေး ကတိပြုချက်ကို ဆက်ထိန်းထားရန်နှင့် လူဦးရေ တည်ငြိမ်မှုအတွက် ထောက်ခံကြိုးပမ်းရန် ရည်ရွယ်သည့် ပါတီစုံ ပလက်ဖောင်းတစ်ခု ဖြစ်သည်။

အထက်လွှတ်တော်အမတ်များ၊ နိုင်ငံအဆင့်နှင့် ပြည်နယ်အဆင့် လွှတ်တော်များမှ ဥပဒေပြုအမတ်များ၊ အဓိကနိုင်ငံရေးပါတီအားလုံးကို ကိုယ်စားပြုသည့် ဂီဂစ် ဘောလ်တီစတန် ဒေသဆိုင်ရာအဖွဲ့တို့က ထိုအစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required