တရုတ်က ဖိအားပေးနေသော်လည်း သီရိလင်္ကာက နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် အတွက် သတိထားနေ

တရုတ်က ဖိအားပေးနေသော်လည်း သီရိလင်္ကာက နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် အတွက် သတိထားနေ

လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းနှင့် တရုတ်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် စိန်ခေါ်မှုများကြောင့် ဖိအားများရှိနေသော်လည်း တရုတ်နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ကိုလက်မှတ်ရေးထိုးရန် သီရိလင်္ကာက သတိကြီးစွာထားနေသည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးအလီဆာဘီနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေး၏ပြင်ပတွင် မကြာသေးမီက တွေ့ဆုံနွေးဆွေးခဲ့ကြသည်။

 နှစ်ဘက်စလုံးက စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် သဘောတူခဲ့ပြီးလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို စောစီးစွာ အပြီးသတ်ဆောင်ရွက်ရန်ကြိုးပမ်းခဲ့ကြောင်းနှင့်   စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်မှန်းချက်နှင့် ယုံကြည်ချက်များ တိုးမြှင့်ခဲ့ ကြောင်း တရုတ်သံရုံးက ပြောကြားခဲ့သည်ဟုDaily Mirror သတင်းတွင်ဖော်ပြထားသည်။

 သို့သော် သီရိလင်္ကာဝန်ကြီးက ၎င်းတို့၏တွေ့ဆုံမှုအကြောင်း တွစ်တာတွင်ရေးသားခဲ့သော်လည်းFTA နှင့်ပတ်သက်၍ဆွေးနွေးမှုအကြောင်း အရိပ်အမြွက် မပြောကြားခဲ့ပေ။ 

သီရိလင်္ကာသည်FTA ကို ၂၀၁၅ခုနှစ်တွင်စ တင်ဆွေးနွေးချိန်ကတည်းက အချိန်ဆွဲနေခဲ့သော်လည်း တရုတ်က အလွန်စိတ်အားထက်သန်နေခဲ့ပြီး မကြာခဏဆိုသလိုသီရိလင်္ကာတွင် ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်နေခဲ့သည်။

သီရိလင်္ကာဆိုင်ရာတရုတ်သံအမတ်ကြီးချိကျန်ဟုန်ကလည်းထိုစဉ်ကလင်္ကာနိုင်ငံခြားရေးဝန်ကြီးဂျီအယ်လ်ပီရစ် နှင့် FTA ကိစ္စဆွေးနွေးခဲ့သည်။
 
တရုတ်ကသီရိလင်္ကာနှင့်FTA တစ်ခုအပါအဝင်FTA ပေါင်း၂၆ခုကျော် လက်မှတ်ရေးထိုးထားကြောင်း သီရိလင်္ကာက ပြောကြားခဲ့သည်။

FTA ကိုအမှန်တကယ်ဆန့်ကျင်မှုသည်အမြစ်တွယ်နေသောသီရိလင်္ကာလက်ဝါးကြီးအုပ်ထားသူများထံမှ ဖြစ်ကြောင်း EconomyNextကို ကိုးကား၍Daily Mirror ကဖော်ပြခဲ့သည်။ 

သီရိလင်္ကာ၏တောင်းဆိုချက်များသည်သေးငယ်ပြီးဖွံ့ဖြိုးမှုနည်းသောစီးပွားရေးအနေဖြင့်ကျိုးကြောင်းဆီလျော်မှုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly