တရုတ်နိုင်ငံ ပိုမိုအထီးကျန်လာမည်ဟု  ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် အဒါနီပြောကြား

တရုတ်နိုင်ငံ ပိုမိုအထီးကျန်လာမည်ဟု  ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် အဒါနီပြောကြား

ကမ္ဘာ့ထိပ်ဆုံး  ချန်ပီယံအဖြစ် တစ်ချိန်က ရှုမြင်ခံခဲ့ရသည့် တရုတ်နိုင်ငံသည်စီးပွားရေးပြန်လည်ဦးမော့လာရေး လမ်းကြောင်းတွင် ပြင်းထန်သော အတားအဆီးများနှင့် ရင်ဆိုင်ရနိုင်ပြီး အခြားနိုင်ငံအသီးသီးမှ  ရင်းနှီး မြှုပ်နှံသူများက အခြားနိုင်ငံများကို ရှာဖွေနေခြင်းကြောင့် အထီးကျန်မှုကို ရင်ဆိုင်ရဖွယ်ရှိကြောင်း အိန္ဒိယတွင် အဆင့် ၁ နှင့် ကမ္ဘာ့ အဆင့် ၂ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီး ဂူတန်အဒါနီက ပြောကြားလိုက်သည်။
 
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများမှာ အမျိုးသားရေးဝါဒအား ကောင်းလာခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစဉ်အခက်အခဲများကို ကိုင်တွယ်ရန် အားနည်းခြင်းနှင့် နည်းပညာကန့်သတ်ချက်များဖြစ်ကြောင်း အဒါနီကဖော်ပြထားသည်။

စင်္ကာပူတွင်ကျင်းပသည့်၂၀ကြိမ်မြောက် Forbes မဂ္ဂဇင်း၏ကမ္ဘာလုံးဆိုင်ရာအမှုဆောင်အရာရှိချုပ်များ ကွန်ဖရင့်တွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အဒါနီက  ယခုကဲ့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်၏အိမ်ရာနှင့်အကြွေးအန္တရာယ်ကိုကိုးကားပြီး ၁၉၉၀ပြည့်လွန်နှစ်များဆယ်စုနှစ်များက ဂျပန်၏ စီးပွားရေးမအောင်မမြင်ဖြစ်ခဲ့သည့် နှစ်များကို ကိုးကားပြောကြားခဲ့သည်။
 
စီးပွားရေးများအားလုံးအချိန်ကြာလာသည်နှင့်အမျှပြန်ကောင်းလာရန်မျှော်လင့်နေချိန်တွင် "အပြန်အလှန် ပွတ်တိုက်မှုများ ကယခုတစ်ကြိမ်တွင်တရုတ်အတွက်ပိုမိုခက်ခဲပုံပေါ်ကြောင်း" ၎င်းကပြောကြားခဲ့သည်။

မိနစ်၃၀နီးပါးကြာမိန့်ခွန်းတွင် အဒါနီက အိန္ဒိယ၏ စီးပွားရေးအလားအလာများအကြောင်းလည်း ပြောကြားခဲ့သည်။

အိန္ဒိယအကြောင်းပြောပါက စီးပွားရေးကမပြည့်စုံသေးသော်လည်း နိုင်ငံတွင် ဒီမိုကရေစီ အနှစ်သာရ ရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

မကြာသေးမီကAmazon အမှုဆောင်အရာရှိချုပ်ဂျက်ဘော့စ်ကိုကျော်ပြီး ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသည့် အဒါနီက အိန္ဒိယသည် ကမ္ဘာ့ပဉ္စမအကြီးဆုံးစီးပွားရေး မကြာသေးမီကဖြစ်လာပြီး၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဖြစ်လာရန် အလားအလာရှိကြောင်းထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly