ဂျပန်နှင့်မဟာမိတ်များက တောင်တရုတ်ပင်လယ်တွင် ရေတပ်အင်အား ပြသ

ဂျပန်နှင့်မဟာမိတ်များက တောင်တရုတ်ပင်လယ်တွင် ရေတပ်အင်အား ပြသ

ဒေသတွင်းတင်းမာမှုများမြင့်တက်နေချိန်တွင် မဟာမိတ်များ၏ စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ဂျပန်ဦးဆောင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့သည်။ 

ကနေဒါ၊ ဂျပန်နဲ့ အမေရိကန်တို့၏  တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုသည်အောက်တိုဘာ ၂ ရက်က ပြီးဆုံးခဲ့သည်။

Noble Raven 22-2ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းတွင် ဂျပန် ရေငုပ်သင်္ဘောများ၏ အနာဂတ်တပ်ဖြန့်မှုကို အရိပ်လက္ခဏာပြနိုင်သော ဂျပန်ရေငုပ်သင်္ဘော၏ ရှားပါးပုံရိပ်တွေကို တွေ့မြင်ရသည်။

 ဂျပန်ရေငုပ်သင်္ဘောအနေဖြင့် တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဒုတိယအကြိမ်မြောက် ပါဝင်ခြင်းဖြစ်သည်။ ပထမတစ်ကြိမ်မှာ ၂၀၂၁ ခုနှစ်က အမေရိကန်ရေတပ်နှင့် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ချိန်က ဖြစ်သည်။

 တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်တောင်းဆိုသောတခြားနိုင်ငံများအပေါ် တရုတ်၏ ကြီးထွား လာသော ရန်လိုမှုများနှင့်အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်တို့သည် ဂျပန်အတွက် ကြီးမားသော စိုးရိမ်မှု ဖြစ်စေကြောင်း စင်္ကာပူရှိ ISEAS-Yusof Ishakအင်စတီကျု၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

 “လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ် ရေတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုခိုင်မာအောင် ဆက်လုပ်သွားမှာဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ပါဝင်ပြီးတော့ ပင်လယ်ရေကြောင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကိုလည်း ထိန်းသိမ်းသွားမှာပါ” ဟု ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ခေါ် ဂျပန်ရေတပ်က ပြောသည်။ 

ဂျပန့်စစ်ပြီးခေတ်ဖွဲ့စည်းပုံအရ ဂျပန်ရေတပ်သည် ပြည်ပ၌ စစ်ရေးတိုက်ပွဲများ ဆင်နွှဲခွင့်မရှိပေ။
 
ဂျပန်နိုင်ငံသည်  ရေငုပ်သင်္ဘောအပြင် ရဟတ်ယာဉ်ဖျက်သင်္ဘော နှစ်စင်းအနက် တစ်စင်းဖြစ်သည့်JS Izumo နှင့် ဖျက်သင်္ဘော JS Takanami တို့ကို စေလွှတ်ခဲ့သည်။

အမေရိကန်ကလည်းArleigh Burke အတန်းအစား ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Higgins နှင့် ရေယာဉ်ဆီဖြည့်သင်္ဘော USNS Rappahannock ကို စေလွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly