အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ 'မတရားမှု'ကို ဒေါသထွက်နေတဲ့ ဇာဗီ

အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ 'မတရားမှု'ကို ဒေါသထွက်နေတဲ့ ဇာဗီ

အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်အပြီး ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ  နှစ်ကြိမ်ဆက် ထွက်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဇာဗီက သူ့ရဲ့ အသင်းဟာ "တကယ်ပဲ မတရားမှု"ကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဟာကန် ကယ်လ်ဟာနိုဂလူရဲ့ တစ်လုံးတည်းသော သွင်းဂိုးက အင်တာမီလန်ကို အနိုင်ရရှိစေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပီဒရီက ချေပဂိုးသွင်းယူခဲ့ပေမယ့် ဖာတီ လက်နဲ့ ထိတယ်ဆိုပြီး ဗီဒီယိုလက်ထောက်ဒိုင်(VAR)က ပြန်လယ်ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် VAR ဆုံးဖြတ်ချက်အမှားမှာ ပွဲပြီးခါနီး ဂိုးဧရိယာအတွင်း ဖာတီ ခေါင်းတိုက်အခွင့်အရေးကို ဒန်ဖရိုင်းစ် လက်နဲ့ တားဆီးခဲ့ပေမယ့် ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

ရှုံးပွဲကြောင့် အုပ်စု C မှာ ဘာစီလိုနာက တတိယနေရာမှာ ရပ်တည်နေပြီး အင်တာမီလန်နောက် သုံးမှတ်အကွာမှာ ရှိနေပါတယ်။

"ကျနော် ဖုံးကွယ်လို့မရဘူး၊ စိတ်ဆိုး ဒေါသထွက်မိတယ်။ ဒါဟာ  တရားမျှတမှု လုံးဝ မရှိဘူး။ ဒါပေမယ့် ဒိုင်လူကြီးက သူ့ကိုယ်သူ ရှင်းပြသင့်တယ်၊ ဒီကနေ ရှေ့ထွက်လာပြီး စကားပြောသင့်တယ်လို့ ကျနော် ထင်တယ်။ မနေ့ကတည်းက ကျနော်တို့ ပြောခဲ့ပြီးပါပြီ။ သူက ဒီအားကစားမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့် သူထွက်သွားပြီး ဘာမှမဖြစ်ပျက်ခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ နားမလည်တာကြောင့် ဒီနေရာကနေ ထွက်လာပြီး ရှင်းလင်းချက်ပေးသင့်တယ်။ ဒီနေ့တော့ ကျနော် တကယ်ကို စိတ်မချမ်းသာဘူး။ တရားမျှတမှု လုံးဝ မရှိဘူးလို့ ခံစားရတယ်။"လို့ ဇာဗီက ပြောပါတယ်။

နူးကမ့်မှာ ရှစ်ရက်အတွင်း အင်တာမီလန်နဲ့ ပွဲပြန်စမယ့်ပွဲက ဒီရာသီ သူတို့ရဲ့ ဥရောပမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်နိုင်ခြေများတယ်ဆိုတာ ဇာဗီ သိထားပါတယ်။

“ကျနော်တို့ နောက်ထပ် အဆုံးအဖြတ်ဖိုင်နယ် ၃ ပွဲ ရှိပါတယ်”လို့ သူက ပြောပါတယ်။ “ဒါက ကျနော်တို့ ရှုံးခဲ့တဲ့ပွဲပါ၊ ဒါပေမယ့် အခု ကျနော်တို့ အိမ်ကွင်းမှာ နှစ်ပွဲကစားဖို့ရှိပြီး ဒီပွဲတွေက တကယ့် ဖိုင်နယ်ပါပဲ။

"ကျနော်တို့ ပိုပြီး စိတ်ဓာတ်ပြင်းထန်မှု ပြသရမယ်။ ပထမပိုင်း ကစားပုံမကောင်းခဲ့ဘူး၊ ကျနော်တို့ ကိုယ့်ကိုယ်ကို ဝေဖန်ရမယ်၊ ဒါပေမယ့် သေချာပါတယ် ကျနော်တို့ ဒီနေ့ စိတ်ဆိုးဒေါသထွက်နေပါတယ်။"

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly