Pat Jasan အဖွဲ့မှ ပစ်ခတ်ခံရသူများအတွက် ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

Pat Jasan အဖွဲ့မှ ပစ်ခတ်ခံရသူများအတွက် ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ရွာသားများကို ရိုက်၍ ဝိုင်းမော်ဆေးရုံတွင် ကုသနေရ

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၆ ။            ။ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ပစ်ခတ်ခံရသူများအတွက် ဆုတောင်းဝတ်ပြုပွဲနှင့် လူထုဆန္ဒထုတ်ဖော်ပွဲကို  ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်းတွင် ပြုလုပ်ခဲ့သည်။

“ဒီမနက်က မနောကွင်းမှာ ၁၀ နာရီမှာ ဆုတောင်းတဲ့ အစီအစဉ်ရှိမယ်။ ခုလူထုစည်းနေပြီ. ဆန္ဒဖော် ထုတ်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အစိုးရ ပြည်သူ့စစ်(BGF) အလိုမရှိ၊ ဦးဇခုန်တိန်းယိန်း အလိုမရှိ၊ မူးယစ်ဆေးဝါးကာကွယ်သူ ဒို့ရန်သူ ဆိုသော စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်က ဝိုင်းမော်မြို့နယ် ဆဒုံးမှ နှစ်မိုင်အကွာ မဂါးကျေးရွာတွင် တိုက်ခိုက်ခဲ့သော သူ ၁၀ ဦးကျော်ကို ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးထားကာ ရိုက်နှက်မှုကြောင့် လက်ရှိ ဝိုင်းမော်ဆေးရုံတွင် ဆေးကုသမှု ခံယူပေးနေကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

“မနေ့က တိုက်ခိုက်ခဲ့တဲ့ ဘိန်းစိုက်တဲ့ ပိုင်ရှင်တွေနဲ့ သူတို့ ခိုင်းထားတဲ လူ ၁၀ ဦးကျော်လောက် ဖမ်းဆီးထားတယ်။ တချို့က ဒဏ်ရာရလို့ ဝိုင်းမော်ဆေးရုံမှာဘဲဆေးကုသမှုခံယူနေတယ်။ လောလောဆယ် သူတို့ကို ကြိုတုတ်ထားတယ်”ဟု သူက ပြောသည်။

တိုက်ခိုက်ခံရသော ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များကို ယမန်နေ့က အခင်းဖြစ်ပွားခဲ့သော နေရာမှ လုံခြုံသော နေရာ ဆဒုံးဘုရားကျောင်းနှင့် ဘောလုံးကွင်းသို့ ပြန်လည် ဆုတ်ယူထားသည်ဟု ဖြစ်ကြီးနားမြို့ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တွဲဘက် အတွင်းရေးမှူး ဒေါ်ဂျာရွယ်က ပြောသည်။

“အခင်းဖြစ်တဲ့နေရာက အကုန်လုံးကို အရှေ့ကနေ အနောက်ကို ဆုတ်ယူတာပေါ့နော်။ လုံခြုံတဲ့ရောကို ဆုတ်ထားပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား လက်နက်ကိုင် အဖွဲ့များမှ လက်နက် ခဲယမ်းများဖြင့် တိုက်ခိုကခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခံရသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်များအများအပြား ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) မှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချကြောင်း ဖေဖော်ဝါရိလ ၂၅ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags