အင်တာမိုင်ယာမီရဲ့ ၂၀၂၂ မေဂျာလိဂ်ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ့် ဂွန်ဇာလို ဟီဂူအင်

အင်တာမိုင်ယာမီရဲ့ ၂၀၂၂ မေဂျာလိဂ်ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ့် ဂွန်ဇာလို ဟီဂူအင်

အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ဟာ အင်တာမိုင်ယာမီရဲ့ ၂၀၂၂ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲပြီးဆုံးချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဂူအင်ဟာ ၂၀၂၀ မှာ အင်တာမိုင်ယာမီကို ရောက်ရှိလာခဲ့ပြီး သူ့ရွဲနောက်ဆုံးရာသီမှာ မေဂျာလိဂ် (MLS) play-offs ကို ရောက်ရှိဖို့အတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဟီဂူအင်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ရီးယဲလ်မက်ဒရစ်၊ နာပိုလီနှင့် ဂျူဗင်တပ်စ်တို့အတွက် ကစားပေးခဲ့ပြီး အေစီမီလန်နှင့် ချယ်လ်ဆီးအသင်းတို့မှာလည်း အငှားသွားရောက်ကစားခဲ့ပါတယ်။

"ဘောလုံးနဲ့ နှုတ်ဆက်ရမယ့်နေ့ ရောက်လာပါပြီ"လို့ သတင်းစာရှင်းလင်းပွဲမှာ စိတ်လှုပ်ရှားနေတဲ့ ဟီဂူအင်က ပြောပါတယ်။

"[ဒါက} ကျနော့်ကို အများကြီး ပေးစွမ်းနိုင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ခုဖြစ်ပြီး သူ့ရဲ့ အကောင်းနဲ့အဆိုး အခိုက်အတန့်တွေနဲ့ နေထိုင်ခွင့်ရတယ်လို့ ကျနော် ခံစားရပါတယ်။

“ကလပ်တွေဖြစ်တဲ့ ပါလာမို၊ ရေးဗားပလိတ်၊ ရီးယဲလ်မက်ဒရစ်၊ အာဂျင်တီးနား၊ နာပိုလီ၊ မီလန်၊ ချယ်လ်ဆီးနဲ့ နောက်ဆုံး အင်တာမီယာမီကို နည်းပြလမ်ပေးတဲ့ နည်းစနစ်ဝန်ထမ်းတစ်ဦးစီတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ 

"ကျနော့် ခေါင်းထဲ၊ နှလုံးသားထဲမှာ လှပတဲ့ အခိုက်အတန့်တွေကို သိမ်းပိုက်လိုက်ပါမယ်။

"ကျနော်မှာ မတွေးဝံ့စရာ ကစားသမားဘဝတစ်ခုရှိခဲ့ပြီး ထင်ထားတာထက် ပိုအောင်မြင်ခဲ့ပါတယ်။ အနားယူဖို့ဆိုတာ လွန်ခဲ့တဲ့ သုံးလေးလလောက်က ဆုံးဖြတ်ချက်တစ်ခုပါ။"

ဟီဂူအင်ဟာ အာဂျင်တီးနားအသင်းအတွက် ၇၅ ပွဲကစား၊ ၃၁ ဂိုး သွင်းယူပြီး ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ ၂၀၁၅ ကိုပါအမေရိက ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပါတယ်။

သူ့နိုင်ငံအတွက် နောက်ဆုံးပွဲကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။

ဟီဂူအင်ဟာ ရီးယဲလ်မက်ဒရစ်နဲ့  ပွဲ ၁၉၀ ကစားခဲ့ပြီး ၁၀၇ ဂိုးသွင်းယူပေးခဲ့သလို နပိုလီအသင်းနဲ့လည်း ၁၀၄ ပွဲမှာ ၇၁ ဂိုးသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ပထမနှစ်ရာသီမှာ ပြည်တွင်းဆုဖလားနှစ်ခုရရှိခဲ့ပါတယ်။

သူဟာ ရီးယဲလ်အသင်းမှာ ကစားခဲ့စဉ်က လာလီဂါဖလား ၃ ကြိမ်ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။

ယခုရာသီမှာ အင်တာမီယာမီအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထားတဲ့ ဟီဂူအင်ဟာ အော်လန်ဒို၊ မွန်ထရီရယ်အသင်းတို့နဲ့ ရင်ဆိုင်ရမယ့် သူ့ရဲ့ မေဂျာလိဂ်နဲ့ နောက်ဆုံးနှစ်ပွဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly