မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါကစ္စတန်စစ်တပ်နှင့် တာလီဘန်တို့ ပါဝင်ပတ်သက်နေဟု နေတိုး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာက ဖော်ပြ

မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါကစ္စတန်စစ်တပ်နှင့် တာလီဘန်တို့ ပါဝင်ပတ်သက်နေဟု နေတိုး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာက ဖော်ပြ

ပါကစ္စတန် စစ်တပ်နှင့် တာလီဘန်တို့သည် မဟာမိတ်ဖွဲ့ ဆက်နွယ်ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေခဲ့ကြောင်း နေတိုးအဖွဲ့ ကာကွယ်ရေးဆိုင်ရာ ပညာရေး မြှင့်တင်မှု ပရိုဂရမ် (DEEP) ၏ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

Narco-Insecurity Inc, ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ဂျီဟတ်ဒစ် အဖွဲ့များနှင့် တိတ်တဆိတ် စစ်ဆင်ရေးအချို့ လုပ်ခဲ့သည့် ပါကစ္စတန် ထောက်လှမ်းရေး ISI ၏ အကူအညီဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်၏ မူးယစ်-ကုန်သွယ်မှုဆိုင်ရာ ပေါင်းဆုံမှုက ဖြစ်မြောက်ထားခဲ့ပြီး ဂျီဟတ်ဒစ် အဖွဲ့အားလုံးသည် ၎င်းတို့၏ လှုပ်ရှားမှု စစ်ဆင်ရေးများကို ငွေကြေးထောက်ပံ့ရန် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု အပေါ် အကြီးအကျယ် မှီခိုထားခဲ့ကြကြောင်း ဖော်ပြထားသည်ဟု South Asia Press က ဖော်ပြသည်။

တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုက အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ရှိ သောင်းကျန်းသူအဖွဲ့များအတွက် အဓိက ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်သည်ဆိုသော်လည်း ပို၍ အရေးကြီးသည်က ယင်းသည် ကမ္ဘာတစ်ဝန်း မူးယစ်ဆေးဝါး-အကြမ်းဖက်မှုကို မီးထိုးပေးနေခြင်းပင် ဖြစ်သည်။

ထို့ပြင် အာဖဂန်နစ္စတန်-ပါကစ္စတန် ဘိန်းဖြူ ကွန်ရက်များ၊ မူးယစ်ရာဇာများ၊ ၎င်းတို့နှင့် တာလီဘန်၊ ပါကစ္စတန် စစ်တပ်တို့အကြား ဆက်စပ်မှုတို့က အာဖဂန်နစ္စတန်နှင့် ဒေသတွင်းရှိ လုံခြုံရေး၊ နိုင်ငံ တည်ဆောက် မှုနှင့် ဒီမိုကရေစီ အုပ်ချုပ်မှုအပေါ် အဓိက အဟန့်အတားတစ်ခုအဖြစ် ရှိနေသည်။

 မူးယစ်ဆေးကုန်ကူးမှုူ စွဲချက်များဖြင့် အခြားသော ပြည်ပနိုင်ငံများတွင် ပါကစ္စတန်နိုင်ငံသား အများအပြား ဖမ်းဆီးခံနေရခြင်းက မူးယစ်ဆေးဝါး တိုးပွားမှုအပိုင်းတွင် ပါကစ္စတန်၏ ပါဝင်ပတ်သက်နေမှု အခန်းကဏ္ဍကို ပြသနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required