ပါကစ္စတန်ရှိ တရုတ်လူမျိုးများ CPEC နှင့်ပတ်သက်၍ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်ရှိ တရုတ်လူမျိုးများ CPEC နှင့်ပတ်သက်၍ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို စတင်ကတည်းက ပါကစ္စတန်နိုင်ငံ၏ ဆင်းဒ်၊ ဘာလိုချီစတန်၊ ခိုင်ဘာပက်ခ်တွန်ဝါပြည်နယ်များနှင့် ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသတွင် တရုတ်လူမျိုးများအပေါ် အကြိမ်ကြိမ်တိုက်ခိုက်မှုများက တရုတ်အကျိုးစီးပွားကို ဆန့်ကျင်သော ပါကစ္စတန် နိုင်ငံသားများ၏ ပြင်းထန်သောသဘောထားကွဲလွဲမှုကို ဖော်ပြနေသည်။

တရုတ်လူမျိုးများသည် လွန်ခဲ့သည့် ၆ နှစ်အတွင်း အထူးသဖြင့် CPEC စီမံကိန်းများနှင့်ဆက်စပ်၍ ပါကစ္စတန်သို့ တရုတ်တို့ အလုံးအရင်းဖြင့် ရောက်ရှိလာပြီးနောက် အစွန်းရောက်အုပ်စုများစွာသည် နိုင်ငံအတွင်း၌ တရုတ် အကျိုးစီးပွားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။

ကရာချိမြို့ ဆက်ဒါဧရိယာရှိ သွားဆေးခန်းတစ်ခုအတွင်းတွင် စက်တင်ဘာ ၂၈ ရက်က အမည်မသိ သေနတ်သမားတစ်ဦး၏ ပတ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးကာ တခြား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 
 
ဘာလို့ချ်လွတ်မြောက်ရေးတပ်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့သည်။ ဘာလိုချီစတန်ပြည်နယ် ဒါလ်ဘန်ဒင်မြို့၌ ၂၀၁၈ ခုနှစ်ဩဂုတ်လက တရုတ်အင်ဂျင်နီယာများ ပါလာသော ဘတ်စ်ကားတစ်စီးကို အသေခံဗုံးခွဲတိုက်ခိုက်မှုပြီးနောက် တရုတ်အကျိုးစီးပွားများအပေါ် ဒုတိယ မြောက်တိုက်ခိုက်မှုဖြစ်သည်။ အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့သည်။
 
၂၀၁၇ ခုနှစ်က 'Majeed Brigade' တပ်ဖွဲ့သည် ဆိပ်ကမ်းစီမံကိန်းတစ်ခုအတွက် တရုတ်ကိုယ်စားလှယ်များ အလုပ်များနေချိန်တွင် ဂွါဒါမြို့ရှိ ကြယ် ၅ ပွင့်အဆင့်ဟိုတယ်တစ်ခုကို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် လူ ၈ ဦးသေဆုံးခဲ့ကြောင်း Asia Lite က ဖော်ပြခဲ့သည်။

ထိုနှစ်တွင်ပင် 'Majeed Brigade' တပ်ဖွဲ့ဝင်တစ်ဦးက ဘာလိုချီစတန်မှ ထွက်သွားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်အား သတိပေးသည့် ဗီဒီယိုဖိုင်သည် Twitter နှင့် တခြားလူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် ပေါ်လာခဲ့သည်။

ဗဟိုအာရှ ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ၏ ဗဟိုချက်တွင်တည်ရှိသော အဓိကပထဝီဝင်တည်နေရာ ဖြစ်သည့် ကက်ရှ် မီးယားရှိ ဂေးဂစ်ဘောလ်တစ္စတန်ကို သိမ်းပိုက်ရန်ရည်ရွယ်သည့် တရုတ်၏ စီးပွားရေးချဲ့ထွင်ရေး အစီအစဉ်သည် တရုတ်လူမျိုးများအပေါ် တိုက်ခိုက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။

 ပါကစ္စတန်သည် တရုတ်လူမျိုးများအတွက် သတ်ကွင်းတစ်ခုဖြစ်လာကြောင်းနှင့် တရုတ်ဖြစ်စေချင်သကဲ့သို့ လုံခြုံမှုအတိုင်းအတာမပေးနိုင်တော့ကြောင်း ပြသနေသည်။

 သို့သော် တရုတ်သည် ၎င်းတရုတ်နိုင်ငံသားများ တိုက်ခိုက်ခံရမှုကို မတားဆီးနိုင်သော ပါကစ္စတန်အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့များကို မည်သည့်အခါမျှ ဝေဖန်ပြစ်တင်ခြင်းမပြုသည်မှာလည်း ပြည်ပမ ှစောင့်ကြည့်သူများအတွက် အံ့အားသင့်စရာဖြစ်နေကြောင်း Asian Lite သတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required