တရုတ် ကွန်မြူနစ်ပါတီ၏  အသက်အကြီးဆုံးအငြိမ်းစားအရာရှိက ၂၀ကြိမ်မြောက် ပါတီကွန်ဂရက်မတိုင်မီ ပြုပြင်ပြောင်းလဲရေး တောင်းဆို

တရုတ် ကွန်မြူနစ်ပါတီ၏  အသက်အကြီးဆုံးအငြိမ်းစားအရာရှိက ၂၀ကြိမ်မြောက် ပါတီကွန်ဂရက်မတိုင်မီ ပြုပြင်ပြောင်းလဲရေး တောင်းဆို

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံအား အောက်တိုဘာ ၁၆ ရက်၌ စတင်ချိန် မတိုင်မီ  ပါတီ၏အသက်အကြီးဆုံးအငြိမ်းစားအရာရှိစုန်ပင်းက ရှီကျင့်ဖျင်၏ မူဝါဒများကိုပြစ်တင်ဝေဖန်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးမူဝါဒသည်သာ တရုတ်အိပ်မက်အကောင်အထည်ဖော်ရေး အတွက်တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အငြိမ်းစားသက်ကြီးရွယ်အိုများအနေဖြင့် ရှီကျင့်ဖျင်အား ဝေဖန်ခြင်းမှရှောင်ကြဉ်ရန် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ ရုံးအဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး ၄လအကြာတွင်စုန်၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

 စည်းကမ်းဖောက်ဖျက်သူများကို ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း အဆိုပါ ရုံးအဖွဲ့ ခေါင်းဆောင်က ပြောကြားထားသည်။

အသက်၁၀၅နှစ်ရှိအငြိမ်းစားအရာရှိသည် မကြာသေးမီက ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ၎င်း၏ မှတ်ချက်ကို ပြောကြားခဲ့ရာ တရုတ်နိုင်ငံရေးအသိုင်းအဝန်းတွင်အကြီးအကျယ်ဂယက်ထ သွားခဲ့ကြောင်းNikkei Asia က ဖော်ပြခဲ့သည်။

"မူဝါဒပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုသည်ခေတ်ပြိုင် တရုတ်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်" ဟု ၎င်းက ဗီဒီယိုဖိုင်တွင်ပြောကြားခဲ့သည်။

ကာဇက်စတန်နှင့်ဥဇဘက်ကစ္စတန်သို့ကပ်ရောဂါဖြစ်ပွားပြီးနောက်ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်သွားရောက်ချိန်တွင်စုန်၏သတင်းစကားသည်စက်တင်ဘာလလယ်တွင်တရုတ်ဆိုရှယ်မီဒီယာပေါ်တွင်စတင်ပျံ့နှံ့ခဲ့ပြီးနောက် စုန်၏ပြုပြင်ပြောင်းလဲမှုနှင့်ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြောကြားချက်ကို အာဏာပိုင်များက ဖျက်ပစ်ခဲ့သည်။

စုန်ပင်းသည်၁ ၉၈၉ခုနှစ်တီအန်မင်ရင်ပြင်ဖြိုခွင်းမှုပြီးနောက် တိန့်ရှောင်ပင်လက်ထက်တွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်းNikkei Asia ကဖော်ပြခဲ့သည်။

အောက်တိုဘာလတွင်အာဏာရတရုတ်ကွန်မြူနစ်ပါတီ (CCP) က ယင်း၏ အရေးပါသော အကြိမ်၂၀မြောက်ပါတီကွန်ဂရက်ကိုကျင်းပမည်ဖြစ်ပြီးဥက္ကဋ္ဌရှီကျင့်ဖျင်သည် ၎င်း၏သက်တမ်းကို နောက်ထပ် ၅နှစ် သက်တမ်းတိုးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly