တရုတ်ချစ်ပ်ထုတ်လုပ်သူထံမှ မှတ်ဉာဏ်ချစ်ပ်များဝယ်ယူရန် Apple ၏ ဆုံးဖြတ်ချက်ကို အမေရိကန် အမတ်များကန့်ကွက်

တရုတ်ချစ်ပ်ထုတ်လုပ်သူထံမှ မှတ်ဉာဏ်ချစ်ပ်များဝယ်ယူရန် Apple ၏ ဆုံးဖြတ်ချက်ကို အမေရိကန် အမတ်များကန့်ကွက်

တရုတ်ချစ်ပ် ထုတ်လုပ်ရေး လုပ်ငန်း Yangtze Memory Technologies Co. (YMTC) ထံမှ မှတ်ဉာဏ်ချစ်ပ်များဝယ်ယူရန်Apple ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်အထက်လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ပြီးအဆိုပါသဘောတူညီချက်သည်နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်မှုဖြစ်စေသဖြင့်စုံစမ်းစစ်ဆေးရန်တောင်းဆိုလိုက်သည်။

Apple သည်iPhone 14အသစ်အတွက်YMTC မှမှတ်ဉာဏ်ချစ်ပ်များဝယ်ယူရန်စီစဉ်နေသည်ဟုFinancial Post မှသတင်းဖော်ပြပြီးနောက်ယခုလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 အငြင်းပွားဖွယ်ရာသဘောတူညီချက်ကိုပြန်လည် သုံးသပ်ရန်တောင်းဆိုသူများထဲတွင် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌဒီမိုကရက်တစ်ပါတီမှမတ်ခ်ဝါနာနှင့်ရီဘတ်ပလီကန်မှဒုဥက္ကဋ္ဌမာကို ရူဘီရိုတို့ပါဝင်သည်။
 အမေရိကန်လွှတ်တော်အမတ်များသည်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးအေဗယ်လ်ဟိန်းစ်ထံစာရေးပြီးစုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။
 
YMTC သည်တရုတ်ကွန်မြူနစ်ပါတီနှင့်ဆက်ဆံရေးရှိနိုင်ပြီးချစ်ပ်ထုတ်လုပ်သူနှင့်iPhone ပူးပေါင်းရန် စီစဉ်ထားသည့်သဘောတူညီချက်အသစ်သည့်Apple ကဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေသည့် ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငနစ်စဉ်တွင်ကိုယ်ရေးကိုယ်တာနှင့်လုံခြုံရေးအန္တရာယ်များကိုကြီးမားစွာဖြစ်ပေါ်စေနိုင်သည်ဟုFinancial Post ကဖော်ပြခဲ့သည်။

ထိုပြင်တရုတ်အစိုးရ၏ သိသာထင်ရှားသောထောက်ပံ့မှုများက ချစ်ပ်ထုတ်လုပ်သူကို လျင်မြန်စွာကြီးထွားအောင် ကူညီပေးခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

 ဗြိတိန်အခြေစိုက် သုတေသနကုမ္ပဏီOmdiaကိုကိုးကား၍ သတင်းဝက်ဘ်ဆိုဒ်မှချစ်ပ်ထုတ်လုပ်သူ၏ ရှယ်ယာများ၂၀၂၀ပြည့်နှစ်မှ၂၀၂၁ခုနှစ်အတွင်းမည်ကဲ့သို့ဖွံ့ဖြိုးလာပုံနှင့်ပတ်သက်သည့်အချက်အလက်ကို ဖော်ပြခဲ့သည်။

"YMTC ၏ ကမ္ဘာလုံးဆိုင်ရာNAND flash memory ဈေးကွက်၏ ဝေစုသည်၂၀၂၀ပြည့်နှစ်တွင် ဝဒသမ ၆ရာခိုင်နှုန်းမှ ၂၀၂၁ခုနှစ်တွင် ၂ဒသမ၃ရာခိုင်နှုန်းသို့ တိုးလာသည်" ဟု သုတေသနကိုကိုးကား၍ မီဒီယာက ဖော်ပြခဲ့သည်။

 စီးပွားရေးနှင့်အမျိုးသားလုံခြုံရေးအတွက်သဘောတူညီချက်၏အန္တရာယ်များကိုအကဲဖြတ်ရန် အထက်လွှတ်တော်အမတ်များက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly