ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်မည်ဟု အမေရိကန်ဒုသမ္မတပြောကြား

By Taipei Times
02 October 2022
ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်မည်ဟု အမေရိကန်ဒုသမ္မတပြောကြား

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က ထိုင်ဝမ်နှင့် အလွတ်သဘောဆက်ဆံရေးခိုင်မာ အားကောင်းစေရန် ရည်ရွယ်ထားကြောင်းဂျပန်ရှိအမေရိကန်စစ်သင်္ဘောပေါ်တွင်အမေရိကန်ဒုသမ္မတကမလာဟဲရစ်က စက်တင်ဘာ၂၈ရက်တွင်ပြောကြားလိုက်သည်။

“ထိုင်ဝမ်က ကမ္ဘာ့နိုင်ငံတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းပညာကနေ ကျန်းမာရေးအထိ ပံ့ပိုးပေးတဲ့ တက်ကြွတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အမေရိကန်ကတရားဝင်မဟုတ်တဲ့ အလွတ်တန်းဆက်ဆံရေးခိုင်မာ အားကောင်းစေဖို့ ဆောင်ရွက်သွားမှာပါ”ဟုArleigh Burke အမျိုးအစားဖျက်သင်္ဘောUSS Howard ပေါ်တွင် ဟဲရစ်ကပြောကြားခဲ့ကြောင်းအိမ်ဖြူတော်ကထုတ်ပြန်သည့်မိန့်ခွန်းကောက်နုတ်ချက်တွင်ကြိုတင်ဖော်ပြထား သည်။

တရုတ်က“လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကိုစိန်ခေါ်နေကြောင်း”နှင့်“အိမ်နီးနားချင်းများကိုခြိမ်းခြောက်အကျပ်ကိုင်ရန် ယင်း၏စစ်ရေးနှင့်စီးပွားရေးအင်အားကို ထုတ်ဖော်ပြသနေသည်”ဟုသူမကပြောကြားခဲ့သည်။

“အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူတွေနဲ့ မကြာသေးခင်က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီးရန်စမှု အများအပြားကိုမြင်တွေ့ခဲ့ရတယ်”ဟုသူမကဆိုသည်။

“ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ မရှိမဖြစ်အင်္ဂါရပ်တစ်ခုဖြစ်တယ်လို့ အမေရိကန်ကယုံကြည်ပါတယ်”ဟုဟဲရစ်ကပြောကြားခဲ့သည်။

ဟဲရစ်သည်ဒေသတွင်းရှိမဟာမိတ်များအားအမေရိကန်၏ကတိကဝတ်များကိုဖော်ပြရန်ရည်ရွယ်၍ ဂျပန်နှင့် တောင်ကိုရီးယားသို့ ၄ရက်ကြာခရီး ရောက်ရှိနေသည်။

“မကြုံစဖူးသောတိုက်ခိုက်မှုကိုထိုင်ဝမ်ကိုခုခံကာကွယ်မည်ဖြစ်ကြောင်းစက်တင်ဘာ၁၈ရက်ကထုတ်လွှင့်ခဲ့သောလူတွေ့ မေးမြန်းခန်းတစ်ခုတွင် အမေရိကန်သမ္မတကကတိပြုပြီးနောက်အဖြူရောင်ဝတ်ဆင်ထားသည့် အမေရိကန် ရေတပ်သားများအား ပြောကြားသည့် ဟားရစ်၏ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်ကတရုတ်၏ "ရန်လိုသော" လုပ်ရပ်များကို ဆက်လက်မျှော်လင့်ထားသဖြင့် အမေရိကန်တပ်ဖွဲ့များက ဒေသတွင်းတွင် "မတုန်မလှုပ်၊မကြောက်မရွံ့ဘဲ" လှုပ်ရှားသွားမည်ဟုဟဲရစ်ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required