တရုတ်၏ မိုးခေါင်ရေရှားမှုက စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိ

တရုတ်၏ မိုးခေါင်ရေရှားမှုက စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိ

တရုတ်နိုင်ငံ ပြည်နယ် ၁၇ ခုမှ လူသန်းပေါင်း ၉၀၀ ကျော်နှင့် စိုက်ပျိုးမြေ ဟက်တာ ၂ ဒသမ ၂ သန်းခန့်သည် စံချိန်တင် အပူချိန်ဒဏ်ကို ခံစားခဲ့ရပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

အပူလှိုင်း လျော့သွားချိန်တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေချိုကန်ဖြစ်သော ပိုယန်းရေကန်နှင့် ယမ်ဇီမြစ်ဝှမ်း ရှိ အခြားနေရာများတွင် ရေပမာဏ ဆက်လက်ကျဆင်းနေသည်ဟုJustEarthNews က ဖော်ပြသည်။

ရေအားလျှပ်စစ်ထုတ်လုပ်မှု အမြောက်အမြား ကျဆင်းမှုနှင့် ဓာတ်အားပြတ်တောက်မှုတို့အပြင် တရုတ်နိုင်ငံ၏ ရေနှင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံ၏ စွမ်းအင်ဖူလုံရေးပြဿနာများကို ပြသလျက်ရှိသည်။

၁၉၆၁ ခုနှစ်မှစ၍ ယုံကြည်စိတ်ချရသော အချက်အလက်စာရင်းအင်းများကို ထိန်းသိမ်းထားခဲ့ပြီး ယခုနွေရာသီ သည် တရုတ်နိုင်ငံတွင် အခြောက်သွေ့ဆုံးနှင့် အပူဆုံးဖြစ်သည်။ ပြင်းထန်သော ရာသီဥတုကြောင့် မိုးခေါင်ရေရှား မှု ဖြစ်ပေါ်လာကာ ပိုမိုဆိုးရွားနေဆဲဖြစ်ကြောင်း JustEarthသတင်းက ဖော်ပြသည်။

ထူးထူးခြားခြား ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းနှင့် နိုင်ငံ၏ ရှုပ်ထွေးသော ပထဝီဝင်နိုင်ငံရေး အလား အလာကြောင့် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကိစ္စအပေါ် စိုးရိမ်မှုများ ကြီးထွားလျက်ရှိသည်။

မိုးခေါင်မှုကြောင့် စီချွမ်ပြည်နယ်မှ ရေလှောင်ကန်များ၏ ၅၀ ရာခိုင်နှုန်းအထိ ခန်းခြောက်ခဲ့ပြီး ပြည်နယ်၏ ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် တင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု ဆိုသည်။

စီချွမ်နှင့် ချုံချင့်ကဲ့သို့သော အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားကို ခွဲတမ်းဖြင့်ပေးခြင်းနှင့် ဓာတ်အား ပြတ်တောက်မှုများကြောင့် နိုင်ငံတွင်းရှိ အခြားဒေသများမှ လျှပ်စစ်ဓာတ်အားကို ရယူနေရသည်။ 

စီချွမ်ပြည်နယ်၏ မိုးရေချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းပါးမှုကြောင့် ခြောက်သွေ့မှုနှင့်အကျိုးဆက်များကို ကြာကြာရင်ဆိုင်ရဖွယ်ရှိကြောင်း JustEarthသတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly