ကိုဗစ်အကြောင်းအွန်လိုင်းတွင်ပို့စ်တင်သည့် တိဗက်ကျောင်းဆရာကို ဖမ်းဆီး

By RFA
30 September 2022
ကိုဗစ်အကြောင်းအွန်လိုင်းတွင်ပို့စ်တင်သည့် တိဗက်ကျောင်းဆရာကို ဖမ်းဆီး

တိဗက်ဒေသ၊လာဆာမြို့တွင်ချမှတ်ထားသည့်ပြင်းထန်သောကိုဗစ်ပိတ်ဆို့အရေးယူမှုများကိုအွန်လိုင်းဗီဒီယိုများလွှင့်တင်ခဲ့သည့်တိဗက်အမျိုးသားတစ်ဦးကိုတရုတ်အာဏာပိုင်များကဖမ်းဆီးလိုက်ကြောင်းRFA ကဖော်ပြလိုက်သည်။
 
တိဗက်ဘာသာစကားဆရာတစ်ဦးဖြစ်သည့်ဂွမ်ဆဲအားစီချွမ်ပြည်နယ်၊အဘာဒေသ၊တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိကျွမ်းချူးကောင်တီရှိ၎င်း၏နေအိမ်တွင်သြဂုတ်၁၄ရက်ကဖမ်းဆီးခဲ့ကြောင်းအဝေးရောက်တိဗက်သတင်းရင်းမြစ်များကRFA သို့ပြောကြားခဲ့သည်။

“လက်ရှိရောက်နေတဲ့နေရာဒါမှမဟုတ်ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကိုသတင်းမရပါဘူး”ဟုကျွမ်းချူးမှအဆက်အသွယ်များနှင့်လုံခြုံရေးကြောင့်အမည်မဖော်လိုသူအားကိုးကား၍သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ သည်။

"သူ့မိသားစုနဲ့မိတ်ဆွေတွေကို ဖမ်းဆီးရတဲ့အကြောင်းရင်းကို တရုတ်အာဏာပိုင်တွေက ရှင်းလင်းချက်မပေးခဲ့ပေမယ့် အကြောင်းရင်းကတော့လာဆာမြို့မှာ ကန့်သတ်ပိတ်ဆို့မှုကာလအတွင်း တရုတ်အစိုးရရဲ့ လူမဆန်စွာပြုမူဆက်ဆံပုံတွေကိုဗီဒီယိုတွေနဲ့တခြားပုံတွေကိုမျှဝေလို့ပါပဲ။

“ဂွမ်ဆဲရဲ့ဆိုရှယ်မီဒီယာအကောင့်တွေအားလုံးကိုအခုဖျက်လိုက်ပါပြီ”ဟုသတင်းရင်းမြစ်ကထပ်လောင်းပြောကြားခဲ့သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(TAR) တွင်တင်းကျပ်သောကိုဗစ်အစီအမံများအရ လူ၆၀,၅၉၇ဦးကို သီးခြားခွဲထားဆဲဖြစ်ပြီး တရုတ်အစိုးရပိုင် မီဒီယာကစက်တင်ဘာ၂၅ရက်အထိကိုဗစ်-၁၉ကူးစက်ခံရသူ ၁၁၁ဦးကိုထပ်မံဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပွားမှု၏ပထမဆုံးကူးစက်ခံရမှုကိုသြဂုတ်၈ရက်ကစတင်သတင်းထုတ်ပြန်ပြီးကတည်းကTAR တွင်ကိုဗစ်-၁၉တားမြစ်မိန့်ကိုချိုးဖောက်သည့်အတွက် လူ၇၈၆ဦးကိုအာဏာပိုင်များက တရားစွဲဆိုထားကြောင်း တရားဝင်သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

စခန်းမန်နေဂျာများသည်ရောဂါကူးစက်ခံရသူများကိုမကူးစက်သေးသောအခြားသူများနှင့်အမြဲရောထားလေ့ရှိသဖြင့်“လူ့အဖွဲ့အစည်း၏အဆင့်တိုင်း၊ရဲများမှစေတနာ့ဝန်ထမ်းများအထိ”ဗိုင်းရပ်စ်ပိုးထပ်မံပျံ့နှံ့မှုကိုဖြစ်ပေါ်စေခဲ့သည်ဟုCTA ကထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly