ပါကစ္စတန်တို့၏ လူမျိုးတုန်းသတ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုရေး ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း

By The Print
29 September 2022
ပါကစ္စတန်တို့၏ လူမျိုးတုန်းသတ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုရေး ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း

၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲအတွင်း လက်နက်မဲ့ ဘင်္ဂါလီများအပေါ် ပါကစ္စတန်တပ်ဖွဲ့များ၏ ကျူးလွန် မှုများကို လူမျိုးတုန်းသတ်မှုအဖြစ် နိုင်ငံတကာက လက်ခံအသိအမှတ်ပြုလာစေရေး ကြိုးပမ်းရာတွင် လွတ်မြောက်ရေးစစ်ပွဲ စိတ်ဝိညာဉ်အပေါ် ယုံကြည်သူအားလုံး ညီညွတ်ကြရမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲရေးရာ ဝန်ကြီး အေကေအမ် မိုဇမ်မဲလ် ဟာကွီးက စက်တင်ဘာ ၁၈ ရက်တွင် တိုက်တွန်းလိုက်သည်။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ရရှိပြီးနောက် ၅၁ နှစ်ကြာ ရှိလာချိန်တွင် ၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှု ဖြစ်ပွားကြောင်းကို နိုင်ငံတကာ အသိအမှတ်ပြုမှုက လက်တွေ့ဖြစ်ပေါ်လာနိုင်ခြင်း မရှိသေးဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ဒါကာမြို့ရှိ ဂျတီးယား စာနယ်ဇင်းအသင်းတိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းအေဂျင်စီ (BSS) က ဖော်ပြသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ ဦးဆောင်သည့် အစိုးရသည် မတ်လ ၂၅ ရက်ကို နိုင်ငံတော်ဆိုင်ရာ လူမျိုးတုန်းသတ်မှု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

လက်ရှိ ရှိရင်းစွဲ ဒီဇင်ဘာ ၉ ရက်နှင့်အတူ မတ်လ ၂၅ ရက်ကို “နိုင်ငံတကာ လူမျိုးတုန်းသတ်မှုဆိုင်ရာ အထိမ်း အမှတ်နေ့” အဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိစေရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ကြိုးပမ်းခဲ့သည်။

နယ်သာလန်ရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ထောက်ကူပံ့ပိုးရေးအဖွဲ့၊ အာဇာနည်များ၏ သားသမီးများဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Projonmo 71 နှင့် Amra Ekattor ရုပ်သံတို့သည် ဘင်္ဂလားဒေ့ရှ်၌ ဖြစ်ပွားသော လူမျိုးတုန်းသတ်မှုကို ကုလသမဂ္ဂက အသိအမှတ် ပြုစေရန် သတင်းစာရှင်းလင်းပွဲကို ပူးတွဲ စီစဉ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required