ဂျပန်တွင် ဆယ်ကျော်သက်တစ်ဦး၌ ပထမဆုံးအဖြစ် ဇီကာပိုးတွေ့ရှိ

ဂျပန်တွင် ဆယ်ကျော်သက်တစ်ဦး၌ ပထမဆုံးအဖြစ် ဇီကာပိုးတွေ့ရှိ

တိုကျို၊ ဖေဖော်ဝါရီ ၂၅ ။           ။ ဘရာဇီးသို့ သွားရောက်လည်ပတ်ခဲ့သည့် တိုကျိုမြို့အနီး နေထိုင်သူ ဆယ်ကျော်သက်တစ်ဦးတွင် ဇီကာပိုးကူးစက်ခံရသည်ကို တွေ့ရှိပြီး ပြီးခဲ့သည့်နှစ် မေလမှစကာ လက်တင်အမေရိကတွင် ဇီကာပိုးပျံ့နှံ့သည့် အချိန်နောက်ပိုင်း ဂျပန်တွင် ပထမဆုံးအဖြစ် စတင်တွေ့ရှိလာခြင်းဖြစ်ကြောင်း ဂျပန်ရုပ်သံလွှင့်ဌာန NHK က ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်လွှင့်သည်။

မြို့တော် တိုကျိုအနောက်တောင်ပိုင်း ကာနာဂါဝါစီရင်စုအတွင်း နေထိုင်သူ ဇီကာပိုးတွေ့ရှိသူ ဆယ်ကျော်သက်ယောက်ကျားလေးသည် ဘရာဇီးမှ ဂျပန်သို့ ပြန်ရောက်ချိန် ကိုယ်အပူချိန်တက်ကာ ဖျားနာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်ဟု ကိုးကားလျက် NHK က ဖော်ပြသည်။

အဆိုပါ NHK ၏ သတင်းနှင့် ပတ်သက်ပြီး ချက်ချင်းထင်မြင်ချက်မပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများဆိုသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်အချိန်ကလည်း နိုင်ငံခြားက ပြန်လာသည့် ဂျပန်သုံးဦးတွင် ဇီကာပိုးတွေ့ရှိသည်ဟူသော သတင်းကို NHK ကပင် ဖော်ပြခဲ့ဖူးသည်။

ဇီကာရောဂါသည် အမှန်တကယ် ဦးခေါင်းပုံမှန်မဟုတ်သေးကျုံ့ပြီး မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု မပြည့်စုံစေမှုကို ဖြစ်ပေါ်စေသည်ဆိုသော အချက်အပါအဝင် ဇီကာနှင့် ပတ်သက်ပြီး မသိရသည့်အချက်များမှာ များစွာရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly