ပါကစ္စတန် ဘာလိုချီစတန်ရှိ မနှစ်မြို့ဖွယ် လူ့အခွင့်အရေးအခြေအနေအကြောင်း ဘာလင်ညီလာခံတွင်  တက်ကြွလှုပ်ရှားသူများ ထုတ်ဖော်

ပါကစ္စတန် ဘာလိုချီစတန်ရှိ မနှစ်မြို့ဖွယ် လူ့အခွင့်အရေးအခြေအနေအကြောင်း ဘာလင်ညီလာခံတွင်  တက်ကြွလှုပ်ရှားသူများ ထုတ်ဖော်

ပါကစ္စတန်၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်သော်လည်း ရင်းမြစ်ပေါကြွယ်ဝသည့် ဘာလိုချီစတန်ရှိ မနှစ်မြို့စရာ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ဘာလို့ချ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်ပတွင် နေထိုင်သည့် ဘာလို့ချ်မျိုးနွယ်စုဝင်များက စက်တင်ဘာ ၁၇ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသည့် ညီလာခံတစ်ခုတွင် ထုတ်ဖော်တင်ပြခဲ့သည်။

ထို ညီလာခံအစည်းအဝေးတွင် ဆင်ဓီများ၊ ပက်ရှ်တွန်များ၊ ဝီဂါများအပြင် ဂျာမနီနှင့် အခြား ဥရောပဒေသများမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပါဝင်တက်ရောက်ကြသည်။

၎င်းတို့ထဲတွင် ဆင်ဓီလူမျိုးစု ပညာတတ်များနှင့် ကမ္ဘာ့ ဆင်ဓီ ကွန်ဂရက်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လာခို လူဟာနာ၊ ကမ္ဘာ့ ဝီဂါ ကွန်ဂရက်၏ ဥက္ကဋ္ဌ ဒိုလ်ခွန် အစ်ဆာ၊ ကားဒစ်ရှ် နိုင်ငံရေးခေါင်းဆောင် မာကို အော့ ဂီရီ နှင့် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့၏ အငယ်တန်း တွဲဖက် အတွင်းရေးမှူး ဟက်ဆန် ဒို့စ် ဘာလို့ချ်တို့လည်း ပါဝင်သည်။

ဘာလိုချီစတန်ရှိ ယိုယွင်းဆိုးရွားလာနေသော လူ့အခွင့်အရေးအခြေအနေအကြောင်း ကမ္ဘာ့က သိရှိစေရန် ရည်ရွယ်လုပ်ဆောင်သည့် အဆိုပါ ညီလာခံတွင် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှု ဥက္ကဋ္ဌ ဒေါက်တာ နက်ဆင်းမ်၊ လူသိများသည့် ပညာရှင် စာရေးဆရာ ဒေါက်တာ အယီရှာ ဆစ်ဒီကာ၊ သမိုင်းပညာရှင် ဒေါက်တာ နက်ဆီရာ ဒက်စ်တီနှင့် ဘာလိုချီစတန် လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ ဘီဘီ ဂူလ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။
 
ပါကစ္စတန်၏ သိမ်းပိုက်ထိန်းချုပ်မှုအောက်၌ ယနေ့အချိန်တွင် ဘာလို့ချ်ပြည်သူများ ကြုံတွေ့နေရသည့် အရေးကိစ္စအများအပြားအနက် အဓိကကိစ္စက အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်ခံရမှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများ အပါအဝင် လူသတ်ပြီး စွန့်ပစ် ဆိုသည့် မူဝါဒပင်ဖြစ်ကြောင်း ဒေါက်တာ နက်ဆင်းမ် ဘာလို့ချ်က ညီလာခံတွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly