တရုတ်က ရေတပ်စွမ်းရည်နှင့် ထိရောက်မှုအားကောင်းရန် အရပ်ဘက်သင်္ဘောများကို အသုံးပြုနေ

By VOA
28 September 2022
တရုတ်က ရေတပ်စွမ်းရည်နှင့် ထိရောက်မှုအားကောင်းရန် အရပ်ဘက်သင်္ဘောများကို အသုံးပြုနေ

သီရိလင်္ကာဆိပ်ကမ်းတွင် ထောက်လှမ်းရေးကိရိယာများ အပြည့်တပ်ဆင်ထားသော တရုတ်သိပ္ပံပညာ စူးစမ်းလေ့လာရေး သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများအကြားတွင် ရာနှင့်ချီသော ငါးဖမ်းလှေများသည် လနှင့်ချီ၍ ကျောက်ချရပ်နားထားသလို လေးလံသောယာဉ်များနှင့် လူများတင်ဆောင်နိုင်စေရန် တည်ဆောက်ထားသော ပင်လယ်ကူးသင်္ဘောများလည်းရှိသည်။

အားလုံးသည် အပြင်ပန်းအားဖြင့် အရပ်ဘက်သုံး သင်္ဘောဖြစ်သော်လည်း ၎င်းသင်္ဘောများသည် တရုတ်တို့ ဖုံးကွယ်ထားသော အရပ်ဘက်-စစ်ဘက် ပေါင်းစပ်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကာ ရေကြောင်း ဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်ကြောင်း ကျွမ်းကျင်သူများနှင့် စိုးရိမ်နေသောဒေသန္တရအစိုးရများက ပြောဆိုကြသည်။

တရုတ်နိုင်ငံ၏ ရေတပ်သည် သင်္ဘောအရေအတွက်အားဖြင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်နေကော ပိုမိုကျယ်ပြန့် သော စစ်ရေးတိုးချဲ့မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်သင်္ဘောအသစ်များကို တည်ဆောက်လျက်ရှိသည်။ ပထမဆုံးပြည်တွင်းဖြစ် ဒီဇိုင်းဆွဲတည်ဆောက်ထားသော လေယာဉ်တင်သင်္ဘောကို ဇွန်လတွင် မိတ်ဆက်ခဲ့ပြီး ဖျက်သင်္ဘောအသစ် ၅ စင်းထက်မနည်းကို တည်ဆောက်လျက်ရှိသည်။

အရပ်ဘက်ရေယာဉ်များသည် အရေအတွက်ကို များပြားလာကာ စစ်တပ်အတွက် လုပ်ဆောင်ရန် ခက်ခဲစေမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

တရုတ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် အရပ်ဘက်သုံးငါးဖမ်းသင်္ဘောများကို ဆယ်စုနှစ်များစွာအသုံးပြုခဲ့သော်လည်း မကြာသေးမီက သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် အစိုးရ ထောက်ပံ့ကြေးအစီအစဉ်ဖြင့် စတင်ခဲ့သော "Spratly Backbone Fleet" ရေယာဉ်စုကို ဖွဲ့စည်းခြင်းဖြင့် အရေအတွက်များ သိသိသာသာတိုးလာခဲ့ကာ သင်္ဘောအသစ်များတည်ဆောက်ရမှုကို သက်သာစေခဲ့သည်။

စပရတ်လေရေယာဉ်စုတွင် စီးပွားဖြစ် ငါးဖမ်းလှေ ၈၀၀ မှ ၁၀၀၀ ခန့်အပြင် တရုတ်နိုင်ငံတွင် ကျွမ်းကျင်သော ရေကြောင်းပြည်သူ့စစ်၏ အစိတ်အပိုင်းအဖြစ် အခြားသော ရေယာဉ် ၂၀၀ ခန့် ရှိကြောင်း တရုတ်၏ တရားဝင်ကိန်းဂဏန်းများ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် တခြားသော ရင်းမြစ်များကို အခြေခံလျက် ပူးတွဲစာရေးဆရာ ဂရတ်ဂိုရီပေါလင်းရေးသားသော နိုဝင်ဘာလထုတ် လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly