တရုတ်က ရေဒါဖြင့် မဖမ်းနိုင်သည့် တိုက်လေယာဉ်များကို စစ်နယ်ဝန်း ၅ ခုတွင် တပ်ဖြန့်ထား

တရုတ်က ရေဒါဖြင့် မဖမ်းနိုင်သည့် တိုက်လေယာဉ်များကို စစ်နယ်ဝန်း ၅ ခုတွင် တပ်ဖြန့်ထား

တရုတ်စစ်တပ်သည်  ပြည်တွင်းထုတ် ရေဒါဖြင့် မဖမ်းနိုင်သည့် တိုက်လေယာဉ်များကို စစ်နယ်ဝန်းကွပ်ကဲမှု ၅ ခုစလုံးတွင် တာဝန်ချထားပြီဖြစ်ကြောင်း တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 “ပဉ္စမမျိုးဆက် J-20 တိုက်လေယာဉ်တွေဟာ အရှေ့၊ တောင်၊ အနောက်၊ မြောက်နဲ့ ဗဟိုစစ်နယ်ဝန်း တွေမှာ တပ်ဖြန့်ထားပြီးတော့ တပ်ဖွဲ့တွေက အသုံးပြုနေပါပြီ” ဟု အကြီးတန်းဗိုလ်မှူးကြီး ရှန်ကျင်ကဲက စက်တင်ဘာ ၂၂ ရက်ကပြောသည်။

 အဆိုပါ စစ်လေယာဉ်အား အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတို့တွင် တပ်ဖြန့်ထားကြောင်း နိုဝင်ဘာလတွင် ကျူဟိုင်မြို့၌ ကျင်းပမည့် တရုတ်အပြည်ပြည်ဆိုင်ရာ လေကြောင်းနှင့် အာကာသပြပွဲမြှင့်တင်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ရှန်က ပြောကြားခဲ့သည်။

 ၂၀၁၁ ခုနှစ်ကပွဲဦးထွက် ပျံသန်းမှုပြုလုပ်ချိန်တွင် J-20 "Mighty Dragon" အား တရုတ်စစ်တပ် (PLA) ခေတ်မီ တိုးတက်စေရေး ကြိုးပမ်းမှု၏ သင်္ကေတတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။။

 အဆိုပါတိုက်လေယာဉ်အား မိတ်ဆက်ပြီးနောက် တရုတ်သည် အမေရိကန်ပြီးလျှင် အသံထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် ရေဒါဖြင့် မဖမ်းနိုင်သည့် တိုက်လေယာဉ် မောင်းနှင်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
 
“ပြည်တွင်းမှာလုပ်ထားတဲ့ J-20၊ J-16၊ B-6K ဗုံးကြဲလေယာဉ်နဲ့ YY-20 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ ဂုဏ်ယူစွာ ပျံသန်းခဲ့ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခုခံကာကွယ်နိုင်စွမ်းအားကောင်းစေခဲ့ပါတယ်” ဟု ရှန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly