ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟယ်ရီ မက်ဂွိုင်းယားကို ဖေးမကူညီမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် ပြော

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟယ်ရီ မက်ဂွိုင်းယားကို ဖေးမကူညီမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် ပြော
Photo: EPA

မန်ယူနည်းပြ အဲရစ် တန်ဟက်ဂ်က ဟယ်ရီ မက်ဂွိုင်းယားအပေါ် ဝေဖန်မှုတွေရှိနေပေမယ့် သူဟာ နောက်ခံလူကို ယုံကြည်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မက်ဂွိုင်းယားဟာ ဒီရာသီ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကစားပေးနေရင်း သူ့ပရိသတ်အချို့ရဲ့ လှောင်ပြောင်တာကို ခံခဲ့ရပြီး တနင်္လာနေ့က အင်္ဂလန်ရဲ့ ၃-၃ သရေကျတဲ့ပွဲမှာ ဂျာမနီရဲ့ သွင်းဂိုးနှစ်ဂိုးအထိ အမှားအယွင်းတွေ ကျူးလွန်ခဲ့ပါတယ်။

"ကျနော် သူ့ကို ယုံကြည်တဲ့အတွက် သူ့ကို ဖေးမကူညီပေးသွားမှာပါ။"လို့ တန်ဟက်ဂ်က ဆိုပါတယ်။

"ဒါက သူ့အကြောင်းပါပဲ။ ဒါကို သူ အကောင်းဆုံးလုပ်ဆောင်နိုင်ဆိုမယ်ဆိုတာ ကျနော် သေချာတယ်။ လက်ရှိအခြေအနေတွေကို သူပြောင်းလဲနိုင်ပါလိမ့်မယ်။ အဲဒါကို ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။"

တန်ဟက်ဂ်ဟာ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဘရူနို ဖာနန်ဒက်စ်ကို ဝတ်ဆင်စေပြီး သူ့ရဲ့ ဗဟိုခံစစ်အတွဲအဖြစ် လီဇန်ဒရို မာတီနက်ဇ်နဲ့ ဗာရန်းကို ဦးစားပေးခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားထားပါတယ်။

"သူအသင်းမှာ မပါဝင်ခဲ့တာတောင် ကောင်းကောင်းလေ့ကျင့်ခဲ့ပါတယ်"လို့ တန်ဟက်ဂ်က ပြောပါတယ်။

"ဒါပေမယ့် ပိုအရေးကြီးတာက သူ့မှာ အရည်အသွေးက ရှိတယ်။ သူ့ကစားသမားဘဝ အင်္ဂလန်အတွက် ပွဲပေါင်း ၅၀ နီးပါး ကစားခဲ့တာကို ခင်ဗျာ တွေ့မှာပါ။ သူက လက်စတာနဲ့ မန်ချက်စတာယူနိုက်တက်တို့ အတွက် တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်။ ခင်ဗျာ မြင်တာအရာက သူ့မှာ မြင့်မားတဲ့ အလားအလာတွေရှိတယ်ဆိုတာပဲ။"

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော် လုခ်ရှောျက မက်ဂွိုင်းယားဟာ “ဘောလုံးလောကမှာ အရင်ကမြင်ဖူးတာထက် ပိုဝေဖန်ခံရတယ်”လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ဒဏ်ရာကြောင့် အီတီဟတ်ကွင်းမှာ မြို့တွင်းပြိုင်ဘက် မန်စီးတီးအသင်းနဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမှုကို လွဲချော်မှာ ဖြစ်ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly