ပင်တဂွန်အကြီးအကဲက တရုတ်၏ မကြုံစဖူး ရန်စမှုများကို ဝေဖန်ကာ အင်ဒို-ပစိဖိတ်ဒေသ၏  အနာဂတ်အတွက် အိန္ဒိယ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကို ထပ်မံအတည်ပြု

ပင်တဂွန်အကြီးအကဲက တရုတ်၏ မကြုံစဖူး ရန်စမှုများကို ဝေဖန်ကာ အင်ဒို-ပစိဖိတ်ဒေသ၏  အနာဂတ်အတွက် အိန္ဒိယ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကို ထပ်မံအတည်ပြု

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ပင်တဂွန်စစ်ဌာနချုပ်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ မကြုံစဖူး ရန်စမှုများကို  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ကမ္ဘာကြီးသည်  ဒေသတွင်းနှင့်အလွန်တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် စဉ်ဆက်မပြတ် စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်၌ ဒီမိုကရေစီ အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် အမေရိကန်တို့သည် အင်ဒို-ပစိဖိတ်ဒေသ၏ ပိုမိုတောက်ပသော အနာဂတ်အတွက် အတူတကွ လက်တွဲလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်ဖြစ်ရေး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီနိုင်ငံကြီးနှစ်ခုရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နေတဲ့ နည်းလမ်းတစ်ခုပါပဲ။ အိန္ဒိယနဲ့အမေရိကန်ဟာ အခြား အင်ဒို-ပစိဖိတ်ဒေသတွင်း မိတ်ဖက် ဒါဇင်ပေါင်းများ စွာနဲ့အတူ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အတွက်ဒေသတွင်း သာယာဝပြောရေးကို တိုးချဲ့ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်ဟု အော်စတင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
 
ဂျိုင်ရှန်ကာကလည်း “ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုက ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော် ဒီကိုလာပြီးတော့  ကမ္ဘာကြီးဟာ အကြောင်းအမျိုးမျိုးကြောင့် စိန်ခေါ်မှုတွေ ပိုဖြစ်လာတယ်ဆိုတာ ခင်ဗျားတို့နဲ့ မျှဝေဆွေးနွေးတာပါ” ဟု ဆိုသည်။ 

အော်စတင်က  အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန်စသည့် အင်ဒို-ပစိဖိတ် ဒီမိုကရေစီ နိုင်ငံများဦးဆောင်သော မဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့QUADကိုလည်း ကိုးကားပြောဆိုလျက်
ထိုင်ဝမ်နှင့် အင်ဒို-ပစိဖိတ်ဒေသရှိ ရေကြောင်းလုံခြုံရေးအတွက် လက်ရှိစိုးရိမ်ပူပန်မှုများကိုလည်း အလေးပေးဖော်ပြခဲ့သည်။

"ရုရှားရဲ့ အကြောင်းမဲ့ ရက်စက်တဲ့ကျူးကျော်မှုအကြားမှာ တရုတ်က ရုရှားကို ဆက်လက်ပံ့ပိုးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒေသတွင်းနဲ့ အခြားဒေသတွေမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာ ဝပြောရေးတို့အတွက် ရေရှည်စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်” ဟု အော်စတင်က ယူကရိန်းကိုကျူးကျော်သော ရုရှားအား ကူညီထောက်ပံ့နေသည့်အပေါ် တရုတ်ကို ဝေဖန်ရှုတ်ချခဲ့သည်။ 

"ဒါပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါမှုကိုပဲ ထပ်လောင်းအတည်ပြုပါတယ်။ ခင်ဗျားတို့ရဲ့ ဖော်ရွေမှုကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တူညီတဲ့အမြင်တွေအတွက် လက်တွဲလုပ်ဆောင်ကြပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးမှုကိုလည်း မျှော်လင့်နေပါတယ်” ဟု အော်စတင်က အမေရိကန်ကတိကဝတ်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required