သမ္မတရှီကျင့်ဖျင်ဓာတ်ပုံကို မင်ရည်ဖြင့်ပက်ခဲ့သည့် အမျိုးသမီး၏ဖခင် ထောင်အတွင်း ရုတ်တရက်သေဆုံး

By RFA
26 September 2022
သမ္မတရှီကျင့်ဖျင်ဓာတ်ပုံကို မင်ရည်ဖြင့်ပက်ခဲ့သည့် အမျိုးသမီး၏ဖခင် ထောင်အတွင်း ရုတ်တရက်သေဆုံး

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်းဆောင် ရှီကျင့်ဖျင်၏ ပိုစတာကို ဖျက်ဆီးမှုအတွက် စိတ်ရောဂါကုဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖခင်သည် ထိန်းသိမ်းခံထားရစဉ်အတွင်း ရုတ်တရက် သေဆုံးသွားခဲ့ပြီး အာဏာပိုင်များသည် အကြမ်းဖက်မှုကျူးလွန်ကြောင်း သံသယများအကြား ကြွင်းကျန်ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်။

လူမှုမီဒီယာ၌ တိုက်ရိုက်ထုတ်လွှင့်ဆန္ဒပြမှုတစ်ခု၌ တရုတ်သမ္မတရှီကျင့်ဖျင်၏ ပိုစတာပေါ်သို့ မင်ရည်များပက်ဖျန်းခဲ့သော အမျိုးသမီး ဒေါင်ယောင်ချုန်းအား ဟူနန်ပြည်နယ် အာဏာပိုင်များက စိတ်ရောဂါကုဆေးရုံတွင် ထိန်းသိမ်းထားသည်။

သူမ၏ဖခင် ဒေါင်ကျန်းပေါင်သည် သမီးဖြစ်သူအကြောင်း ဖွင့်ပြောမှုအတွက် ဒေသန္တရရဲများ၏ ဖမ်းဆီးမှုကိုခံရကာ စက်တင်ဘာ ၂၃ ရက်က သေဆုံးသွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူ ချန်းစီမင်းကိုကိုးကား၍ Weiquanwangဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ဒေါင်ကျန်းပေါင်သေဆုံးမှုကို တခြားသူများအားပြောပြခဲ့သည့် ချန်းစီမင်းကိုယ်တိုင်လမ်း ထိန်းသိမ်းခံခဲ့ရသည်။

ဒေါင်ကျန်းပေါင်၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့်ပြည့်နှက်နေကြောင်း အလောင်းကိုအတည်ပြုရန် ရင်ခွဲရုံသို့သွားခဲ့သည့် ဆွေမျိုးများက ပြောသည်။ 

အာဏာပိုင်များက နောက် ၅ ရက်အကြာ၌ အလောင်းကို မီးရှို့သင်္ဂြိုဟ်ခဲ့ကြသည်ဟု ချန်းစီမင်းက ပြောသည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၄ ရက်က ဒေါင်ယောင်ချုန်းသည် အာဏာရှင်အုပ်ချုပ်မှုကို ကန့်ကွက်ဆန္ဒပြမှုတွင် သမ္မတရှီ၏ ပိုစတာပေါ်သို့ မင်ဖြင့်ပက်ဖျန်းသည့် ပုံကို တိုက်ရိုက်လွှင့်ထုတ်ခဲ့ပြီးနောက် အတင်းအကျပ်ဆေးကုသမှု ခံခဲ့ရသည်။

ထို့နောက် သူမအား ဟူနန်ပြည်နယ် ကျူကျိုးအမှတ် ၃ ဆေးရုံ အမျိုးသမီးလူနာဆောင်၌ စိတ်ရောဂါဝေဒနာရှင်အဖြစ် ပို့ဆောင်ခံခဲ့ရသည်။ 

အာဏာပိုင်များက မိခင်ဖြစ်သူကိုလည်း ခံဝန်ကတိဆိုင်ရာစာရွက်စာတမ်းများ လက်မှတ်ထိုးရန် အတင်းအကျပ်ဖိအားပေးကြောင်း ဆေးရုံသို့သမီးဖြစ်သူကိုလာတွေ့စဉ်အဖမ်းခံခဲ့ရသော ဒေါင်ကျန်းပေါင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly