ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်မှုနဲ့ ပတ်သက်လို့ စပါးနည်းပြ ကွန်တီ ငြင်းဆိုထား

ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်မှုနဲ့ ပတ်သက်လို့ စပါးနည်းပြ ကွန်တီ ငြင်းဆိုထား
Photo: EPA

တော့တင်ဟမ်မန်နေဂျာ အန်တိုနီယို ကွန်တီက ဂျူဗင်တပ်စ်နဲ့ ပြန်လည်လက်တွဲဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းကနေ နုတ်ထွက်နိုင်တယ်ဆိုတဲ့ "မလေးမစား" ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

စီးရီးအေကလပ်ရဲ့ ရာသီအစ ညံ့ဖျင်းပြီးနောက် ကွန်တီဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။

ဒီရာသီကုန်မှာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အီတလီသားနည်းပြဟာ တူရင်မှာ ကစားသမားတစ်ဦးအနေနဲ့ရော မန်နေဂျာအနေနဲ့ပါ ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် ဂျူဗင်တပ်စ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

အင်္ဂလန်ထိပ်တန်းရာသီသစ်မှာ သူတို့ရဲ့ ရှုံးပွဲမရှိမှတ်တမ်းကို ထိန်းသိမ်းမှုမတိုင်ခင် ပြီးခဲ့တဲ့ ရာသီက တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင်း ကွန်တီရဲ့ အရည်အသွေးက မြင့်မားနေပါတယ်။

ဂျူဗင်တပ်စ်ဟာ သူတို့ရဲ့ ပထမဆုံးစီးရီးအေ ခုနစ်ပွဲမှာ နှစ်ပွဲသာအနိုင်ရပြီးနောက် အယ်လီဂရီကို ထုတ်ပယ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကွန်တီက သူဟာ စပါးအသင်းမှာ ဆက်လက်ရှိနေမှာလို့ အခိုင်အမာ ပြောပါတယ်။

"ဒါဟာ ဂျူဗင်တပ်စ်နည်းပြအတွက်ရော တော့တင်ဟမ်မှာ အလုပ်လုပ်နေတဲ့ ကျနော့်အတွက်ပါ လေးစားစရာမရောက်ဘူးလို့ ကျနော်မြင်ပါတယ်"လို့ ကွန်တီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ကျနော်တို့က ရာသီအစပဲရှိသေးတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော် ပြောဆိုခဲ့ပြီး တော့တင်ဟမ်နဲ့ ကျနော့်အချိန်တွေကို ပျော်ရွှင်နေပါတယ်လို့ အမြဲတမ်းပြောခဲ့ဖူးပါတယ်။ ပြီးရင် ကလပ်အတွက်နဲ့ရော ကျနော့်အတွက်ပါ အကောင်းဆုံး ဖြေရှင်းချက်တွေကို ရှာဖွေဖို့ တစ်ရာသီလုံးရှိနေပါတယ်။

"သေချာပါတယ်၊ ကျနော် တော့တင်ဟမ်အတွက် အလုပ်လုပ်ချိန်ကို ပျော်ရွှင်နေပါတယ်။ ကျနော့်မှာ ပိုင်ရှင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အနာဂတ်အတွက် ဘာပြဿနာမှ မမြင်ပါဘူး။

"တခြားနည်းပြနဲ့ ကျနော့်အပေါ် မရိုမသေဖြစ်စေလို့ ဒီအကြောင်းကို တစ်စုံတစ်ယောက်ပြောနေတာကို ကျနော် နောင်မှာ နားမထောင်ချင်ပါဘူး။"

တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆင်ဟာ ဘရာဇီးနဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားပေးရင်း သူ့ကို ငှက်ပျောသီးနဲ့ ပစ်ပေါက်ခဲ့အပြီးမှာ စနေနေ့ အာဆင်နယ်နဲ့ မြောက်လန်ဒန် ဒါဘီပွဲ မတိုင်ခင် ပြောဆိုရာမှာ ကွန်တီက အရေးယူပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့က ပါရီမြို့မှာ ဘရာဇီးလ်က တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရစ်ချာလီဆင်ဟာ ဂိုးသွင်းခဲ့အပြီး လူမျိုးရေးခွဲခြားတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

"ရစ်ချာက နိုင်ငံအသင်းနဲ့ကစားရင်း ဂိုးတွေသွင်းခဲ့ပြီးတဲ့နောက်မှာ အဖြစ်အပျက်က မယုံနိုင်စရာပါ။ ဘာလို့လဲဆိုတော့ ၂၀၂၂ မှာ ဒီလိုအခြေအနေမျိုးတွေ့နေရတာက လူတိုင်းအတွက် ရှက်စရာလို့ ကျနော် ထင်ပါတယ်" လို့ ကွန်တီက ပြောပါတယ်။

"ဒီလူတွေကို သူတို့တစ်သက်လုံး ဘောလုံးလောကကနေ ပိတ်ပင်ခံရဖို့ ကျွန်တော် သေချာပေါက် မျှော်လင့်မိပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို မှတ်ချက်ပေးဖို့လည်း အရမ်းစိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly