တရုတ်၏မောင်းသူမဲ့ရေငုပ်သင်္ဘောများကို တောင်တရုတ်ပင်လယ်တွင် တွေ့ရှိ

တရုတ်၏မောင်းသူမဲ့ရေငုပ်သင်္ဘောများကို တောင်တရုတ်ပင်လယ်တွင် တွေ့ရှိ

တရုတ်ဂြိုဟ်တုဓာတ်ပုံအသစ်များအရတရုတ်သည်တောင်တရုတ်ပင်လယ်တွင်ကြီးမားသောမောင်းသူမဲ့ရေငုပ်သင်္ဘောများကိုဖြန့်ကျက်ရန်ပြင်ဆင်နေသော်လည်းရည်ရွယ်ချက်မှာမရှင်းလင်းသေးကြောင်းမီဒီယာတစ်ခုကဖော်ပြလိုက်သည်။

ယခုရိုက်ကူးရရှိခဲ့သည့် ပုံများတွင်ပထဝီဝင်အနေအထားအရအငြင်းပွားနေသော တောင်တရုတ်ပင်လယ်ထဲသို့ ငေါထွက်နေသည့် ဟိုင်နန်ကျွန်းရှိဆန်ယာရေတပ်အခြေစိုက်စခန်းတွင်တရုတ်၏ ကြီးမားသောမောင်းသူမဲ့ ရေငုပ်သင်္ဘော (XLUUV) ၂စင်းကိုတွေ့ရကြောင်း Asia times ကရေတပ်သတင်းကိုကိုးကား၍ဖော်ပြခဲ့သည်။

 သတင်းအရ သင်္ဘော၂စင်းလုံးသည်၂၀၂၁ခုနှစ်မတ်လနှင့်ဧပြီလကတည်းက အခြေစိုက်စခန်းတွင် တစ်ချိန်လုံးရှိနေခဲ့သော်လည်း ယခုမှတွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

 ယခင်ကရေငုပ်သင်္ဘောအသေးစားများအခြေစိုက်ရာနေရာအနီးတွင် XLUUV ၂စင်းလုံးကိုတွေ့ရှိခြင်းက ယင်းတို့ကိုစမ်းသပ်မှုများသို့မဟုတ်စစ်ဆေးမှုများပြုလုပ်နေသည်ကိုညွှန်ပြနေကြောင်းလည်းဆိုသည်။

 XLUUV အကြောင်းအသေးစိတ်ရှင်းပြရာတွင် ရေတပ်သတင်းတွင်ကာကွယ်ရေးလေ့လာသုံးသပ်သူ အိတ်ဟိုင်ဆူတွန်ကရေအောက်ယာဉ်သည်အရှည်၁၆မီတာနှင့်၂မီတာကျယ်ကြောင်းပြောကြားခဲ့သည်။
 
စစ်ဆင်ရေးအသုံးပြုမှုနှင့်ပတ်သက်၍ဆူတွန်က XLUUV များသည်စုံစမ်းထောက်လှမ်းမှုများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်းရေတပ်သတင်းတွင်ဖော်ပြထားသည်။

ထို့ပြင်ယင်းတို့၏ပိုမိုကြီးသောအရွယ်အစားသည်ပင်လယ်ရေခံနိုင်မှုပိုရှိသဖြင့်ယင်းတို့အားမိုင်းထောင်ခြင်း၊ရေငုပ်သင်္ဘောရေးစစ်ဆင်ရေးနှင့်အထူးစစ်ဆင်ရေးများကဲ့သို့သောထိုးစစ်များတွင်အသုံးပြုနိုင်သည်။
 
ရေအောက်စစ်ပွဲများတွင်မောင်းသူမဲ့ယာဉ်များအရေအတွက်တိုးလာခြင်းကသတိပေးချက်တစ်ခုထွက်ပေါ်လာခဲ့သည်။
 လူလိုက်ပါခြင်းမရှိခြင်းကြောင့်စတေးခံနိုင်သည့်ယာဉ်အဖြစ်ရှုမြင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly