ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို အမေရိကန်ကကြိုးစားနေကြောင်း သမ္မတဘိုင်ဒင်က ကုလသမဂ္ဂတွင် ပြောကြား

By CNA
25 September 2022
ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို အမေရိကန်ကကြိုးစားနေကြောင်း သမ္မတဘိုင်ဒင်က ကုလသမဂ္ဂတွင် ပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင်လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲခြင်းအား အမေရိကန်က ကန့်ကွက်ကြောင်းအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ၂၁ရက်တွင်ပြောကြားလိုက်သည်။ 

“ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပံ့ပိုးဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်။ဆယ်စုနှစ်လေးခုကြာပဋိပက္ခကိုတားဆီးနိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ 'တရုတ်တစ်နိုင်ငံ' မူဝါဒကိုဆက်လက်ကတိပြုထားပေမဲ့လက်ရှိအနေအထားကိုတစ်ဖက်သတ်ပြောင်းလဲမှုဖို့ကြိုးစားတာကိုဆက်လက်ဆန့်ကျင်ပါတယ်”ဟု၎င်းကပြောကြားခဲ့သည်။

ညီလာခံတွင်အမေရိကန်ခေါင်းဆောင်တစ်ဦး၏ယင်းကဲ့သို့ ကိုးကားပြောကြားချက်မှာ ရှားပါးကြောင်း ဟုတိုင်ပေရှိထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဝါရှင်တန်ရှိထိုင်ဝမ်ကိုယ်စားလှယ်ရုံးမှပေးဆောင်သည့်အချက်အလက်ကိုကိုးကားပြီးယခုကဲ့သို့ပြောကြားခြင်းသည်၁၉၇၁ခုနှစ်နောက်ပိုင်းပထမဆုံးဖြစ်သည်ဟု TVBS မှဖော်ပြခဲ့သည်။

တရားဝင်အမည် တရုတ်သမ္မတနိုင်ငံဟု ခေါ်သည့် ထိုင်ဝမ်သည်  ၁၉၇၁ခုနှစ်တွင် ကုလသမဂ္ဂမှ နုတ်ထွက်ပြီးနောက် တရုတ်နိုင်ငံက အစားထိုးခဲ့သည်။ ယင်းအချိန်ကတည်းကထိုင်ဝမ်ကို ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းနှင့် ယင်း၏အေဂျင်စီများမှ ဖယ်ရှားထားခဲ့သည်။
 အမေရိကန်သည်တရုတ်နှင့် ပဋိပက္ခဖြစ်ရန်ကြိုးပမ်းနေခြင်းမဟုတ်ဘဲ အခြားနိုင်ငံများအား အမေရိကန်နှင့် တရုတ်တွင်တစ်ခုခုကိုရွေးချယ်ရန်လည်းမတောင်းဆိုကြောင်းဘိုင်ဒင်ကပြောကြားခဲ့သည်။

 ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးနှင့်ပတ်သက်သည့် မှတ်ချက်စကားသည် တရုတ်ကကျူးကျော်လာပါက ထိုင်ဝမ်အားအမေရိကန်တပ်များကခုခံကာကွယ်မည်ဖြစ်ကြောင်း၎င်းကထပ်လောင်းအတည်ပြုပြီးနောက် သုံးရက်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်ပြီးယင်းကိစ္စအတွက်၎င်းတာဝန်ယူစယူပြီးကတည်းကအရှင်းလင်းဆုံး ဖြစ်သည်။
 
၂၀၂၁ခုနှစ်ဇန်နဝါရီလတွင်တာဝန်ထမ်းဆောင်ကတည်းကဘိုင်ဒင်သည်ကာလကြာရှည်တည်မြဲနေသည့်မူဝါဒမှ လမ်းခွဲထွက်လာသည့်စကားများကိုထပ်ခါတလဲလဲပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly